မင်းသမီးချောလေး အေးမြတ်သူကတော့ ပြုံးရယ်လိုက်တိုင်းမှာ ချစ်စရာကောင်းတဲ့ပါးချိုင့်လေးနှစ်ဖက်နဲ့ ဖမ်းစားနိုင်တာကလည်း သူမရဲ့အားသာချက်တစ်ခု ဖြစ်ပါတယ်။ မမြတ်လေးလို့အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ အေးမြတ်သူက အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အေးမြတ်သူအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတာကလည်း အခုချိန်ထိပဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Myat Lay ML's FB Acc

အသက် (၃၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ အေးမြတ်သူက ရှိရင်းစွဲအသက်အရွယ်ထက်တောင် အရွယ်တင်နုပျိုနေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အေးမြတ်သူက ကျစ်လစ်လှပတဲ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်လေးက အဆီပိုမရှိဘဲချပ်လျပ်လှပနေတာ ဖြစ်ပါတယ်။ Tik Tok ကစားရတာဝါသနာပါတဲ့ အေးမြတ်သူက အခုလည်း ညို့အားပြင်းပြင်းလှနေတဲ့ပုံစံလေးနဲ့ အမိုက်စားဗီဒီယိုလေးကို ရိုက်ကူးခဲ့ပါတယ်။

Photo Credit-Myat Lay ML's FB Acc
Photo Credit-Amazing Grace
Photo Credit-Myat Lay ML's FB Acc

အေးမြတ်သူက အိပ်ရာထဲမှာသီချင်းလေးဆိုရင်း Tik Tok ကစားထားတာဖြစ်ပြီး ဆွဲဆောင်မှုရှိရှိ အလှတွေပိုနေတာ ဖြစ်ပါတယ်။ ဝင်းဝါစိုပြေတဲ့အသားအရေလေးကို မြင်တွေ့ရတဲ့ အေးမြတ်သူရဲ့ပုံစံကတော့ ရင်ခုန်သံမြန်လောက်အောင်ကို ဖမ်းစားနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အေးမြတ်သူရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Aye Myat Thu's Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။