photo credit - LGD Gaming Facebook page

PSG.LGD အသင်းကတော့ ESL One Los Angeles 2020 ပြိုင်ပွဲရဲ့ qualifier တွေမစခင်မှာ အသင်းရဲ့ po 1 player Ame ကို CDEC ကိုပို့ပြီး CDEC က po 1 player Ahjit ကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။

သို့ပေမယ့် PSG.LGD ဟာ Ahjit အသင်းကိုရောက်တာ ငါးရက်လောက်ပဲရှိသေးတဲ့အချိန်မှာပဲ အဆင်မပြေမှုတွေရှိလို့ဆိုပြီး Ahjit ကိုအသင်းရဲ့ inactive player နေရာကို ပို့ခဲ့ပါတယ်။

ဒါ့အပြင် လစ်လပ်သွားတဲ့ Ahjit ရဲ့နေရာမှာလည်း ASD ကို ခေါ်ယူအစားထိုးခဲ့ပါတယ်။

ဒါ့ကြောင့် PSG.LGD အသင်းရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1 – ASD

Po 2 – Somnus

Po 3 – Chalice

Po 4 – fy

Po 5 – xNova တို့ပဲဖြစ်ပါတယ်။

PSG.LGD ဟာ ESL One Los Angeles qualifier ပွဲစဉ်တွေကို ဒီ roster နဲ့ပဲ ဝင်ရောက်ယှဉ်ပြိုင်သွားတော့မှာလည်း ဖြစ်ပါတယ်။ 

source - LGD Gaming Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။