photo credit - liquipedia

ESL One Los Angeles 2020 Dota 2 ပြိုင်ပွဲကြီးကတော့ လာမယ့် March လ 15 ရက်နေ့ကနေ 22 ရက်နေ့ထိ အမေရိကန်နိုင်ငံ Los Angeles မှာရှိတဲ့ Shrine Auditorium မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးယှဉ်ပြိုင်ခွင့်ရဖို့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ dota 2 team တွေဟာ region အလိုက် qualifier တွေဆော့ကစားခဲ့ရပြီး လက်ရှိအချိန်မှာဆိုရင်တော့ region 5 ခုက qualified ဖြစ်ခဲ့တဲ့ dota 2 team တွေဟာထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။

Sea Region မှာဆိုရင်တော့ Fnatic , Geek Fam နဲ့ Team Adroit တို့က qualified ဖြစ်ခဲ့ပြီး Europe Region ကနေတော့ Team Secret , OG နဲ့ NIP တို့က qualified ဖြစ်ခဲ့ပါတယ်။

CIS region ကနေတော့ Navi နဲ့ Virtus.pro တို့က qualified ဖြစ်ခဲ့ပြီး North America region ကနေတော့ Evil Geniuses နဲ့ Chaos Esports Club တို့က qualified ဖြစ်ခဲ့ပါတယ်။

South Africa region ကနေတော့ Thunder Predator နဲ့ beastcoast တို့က qualified ဖြစ်ခဲ့ပြီး China region ကတော့ အခုက qualifier ဆော့ကစားနေတဲ့အတွက် qualified ဖြစ်တဲ့အသင်းတွေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ 

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။