ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ဝါရင့်အနုပညာရှင် အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကတော့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

ဇာတ်ရုပ်အတွက် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို ကြည်နူးအားကျစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူလေးမို့ အားလုံးက ချစ်ခင်အားကျနေကြတာလည်း ဖြစ်ပါတယ်..။


Photo Credit - Khine Thin Kyi's Facebook Account
Photo Credit - Khine Thin Kyi's Facebook Account

ပရိသတ်အချစ်တော် မခိုင်လေးကတော့ ဇာတ်ကားတွေ ဆကတိုက်ရိုက်ကူးနေသလို ခရီးတွေလည်း မကြာခဏထွက်ရှိခဲ့ပြီး ဘာလီသွားတုန်းက လင်းနို့ကိုင်ပြီး ရိုက်ထားတဲ့ အမှတ်တရဗီဒီယိုဖိုင်လေးအကြောင်းကိုလည်း ပြောပြလာပါတယ်..။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ဘာလီမှာ ပိုက်ဆံပေးပြီး ဌားရိုက်ခဲ့တာဖြစ်ပြီး အမှတ်တရတွေ ရိုက်ကြတဲ့အခါ သိပ်မဌားကြတော့ မခိုင်လေးက အားပေးတဲ့အနေနဲ့ ဌားပြီး ကိုင်ရိုက်လိုက်တာပါ ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Khine Thin Kyi's Facebook Account
Photo Credit - Khine Thin Kyi's Facebook Account

မေ့နေလို့ မတင်ဖြစ်ခဲ့တဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကို ခန့်စည်သူတင်တော့မှ သတိရသွားပြီး ဘာရယ်မဟုတ်ဘဲ တင်လိုက်တာဖြစ်ပြီး အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း သတ်စားမလို့လားလို့ မေးကြလို့ မစားရဲပါဘူး ဆိုပြီးတော့လည်း မခိုင်လေးက ပြောပြထားပါသေးတယ်..။

မခိုင်လေးကတော့ လင်းနို့ကို ကြောက်ပြီး ကြောက်တာထက် ကုတ်လို့ အသည်းယားကာ စားဖို့ မပြောနဲ့ ဖားတို့ ကြွက်တို့ကိုတောင် မစားရဲပါဘူးဆိုပြီး ပြောပြထားတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khine Thin Kyi's Facebook Account
Photo Credit - Khine Thin Kyi's Facebook Account

Photo Credit - Khine Thin Kyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။