မင်းသမီးချောလေး ဟန်သီကတော့ ပရိသတ်တွေ သိကြတဲ့ အတိုင်း ဖြူဖြူသွယ်သွယ်လေးနဲ့ ချစ်စရာကောင်းတဲ့ သူလေးပဲဖြစ်ပါတယ်နော်။ မြန်မာနိုင်ငံ ကိုယ်စားပြုတစ်ယောက်ဖြစ်တဲ့ အပြင် Miss Word 2018ပြိုင်ပွဲကြီးမှာလည်း ပါဝင်ခွင့်ရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ငယ်ဂုဏ်လေးနဲ့အတူ လှသွေးကြွယ်နေတဲ့ မော်ဒယ်သရုပ်ဆောင် ဟန်သီ ဟာ မာန်မာနမရှိပဲ ပရိသတ်တွေနဲ့ တရင်းတနှီးနေလေ့ရှိသူမို့ သူမကို ချစ်ခင်အားပေးကြတဲ့အမာခံပရိသတ်တွေလည်း ရှိနေပါတယ်။

Photo Credit; Aung II Photography
Photo Credit; Aung II Photography

ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်တဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။သူမဟာ အနုပညာလုပ်ငန်းတွေကို ဖြေးဖြေးနဲ့မှန်မှန်လုပ်ကိုင်နေပြီး သူမကိုဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကို မပျက်မကွက်တက်ရောက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်တဲ့ "Dancing with The Stars Myanmar"ပြိုင်ပွဲကြီးမှာလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်အချစ်တွေကိုလည်း သိမ်းပိုက်ရယူခဲ့ပါသေးတယ်။ 

Photo Credit; Aung II Photography

ဟန်သီက "လွန်ခဲ့သော လေးနှစ် နယူးယောက် မှာ ကျောင်းတက်တုန်းက အမှတ်တရ..."ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေဆီကု ိမျှဝေပေးခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့ ဟန်သီရဲ့ ဟန်ပန်လေးတွေကိုကြည့်ပြီး ပရိသတ်တွေ အချစ်ပိုမိမယ်ထင်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် လွန်ခဲ့တဲ့ လေးနှစ်က ပုံလေးတွေကိုကြည့်ရင်း အချစ်တွေ ပိုတိုးစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်....။ 

Photo Credit; Aung II Photography
Photo Credit; Aung II Photography

Photo Credit; Aung II Photography

Source; Han Thi 's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။