ပရိသတ်ကြီးရေ မင်းသမီးချောလေး ယဉ်လက်ကတော့ ဇာက်ရှင်ဇာတ်ကားတွေမှာ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်းတဲ့ ဖိုက်တာမင်းသမီးလေးတစ်ယောက်အနေဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ ယဉ်လက်ဟာ အသက်ငယ်ရွယ်ပေမယ့် အနုပညာဘက်မှာသာ အောင်မြင်ရရှိနေတာမဟုတ်ပဲနဲ့ ပညာရေးဘက်မှာလည်း ထူးချွန်းတဲ့ သူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ယဉ်လက် အနုပညာအလုပ်တွေကိုလည်း အရင်ကထက်ပိုမိုလုပ်ကိုင်နေပြီး ပရိသတ်တွေအတွက် မတူညီတဲ့ ရသမျိုးတွေကို ပြသနိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit – Yin Let's Facebook Page
Photo Credit – Yin Let's Facebook Page

ယခုမှာဆိုရင်တော့ ယဉ်လက် က ကြာပန်းပွင့် လေးကိုလက်မှာကိုင်ပြီး ချစ်စရာအမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ယဉ်လက် က အလွမ်း ၊ အဆွေး လေးပုံစံလေးနဲ့ ပရိသတ်တွေကို ချစ်သက်ကြွေအောင် ညို့ယူဖမ်းစားလိုက်ပြန်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ပေါ့ပါးပြီး ချစ်စရာ ကောင်းတဲ ယဉ်လက်ရဲ့ ပုံရိပ်လေးတွေကလည်း အမြင်အေးစေခဲ့ပါတယ်နော်…။

Photo Credit – Yin Let's Facebook Page
Photo Credit – Yin Let's Facebook Page

ပရိသတ်ကြီးကလည်း ဖိုက်တာမင်းသမီးချောလေး ယဉ်လက် ရဲ့ တစ်ယောက်ထဲ ဆွေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်..။ ဖိုက်တာမင်းသမီးချောလေး ယဉ်လက် ကလည်း ပရိသတ်တွေအတွက် အမှတ်တရ ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ဖိုက်တာမင်းသမီးချောလေး ယဉ်လက်ရဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Yin Let's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။