ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သလို ဒါရိုက်တာတစ်ဦးအဖြစ်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ လူမင်းကတော့ အားလုံးရဲ့လေးစားချစ်ခင်မှုကို ရရှိနေတာဖြစ်ပါတယ်။ လူမင်းရဲ့ထိမိပြောင်မြောက်လွန်းတဲ့ အိုက်တင်တွေကချီးကျူးစရာကောင်းသလို တစ်မူထူးခြားတဲ့ အိုင်ဒီယာတွေနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးလူကြိုက်များခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit- Amazing Grace
Photo Credit-Ayarwady Lu Min's FB Acc
Photo Credit- Amazing Grace

အခုချိန်အထိ ယောက်ျားပီသပြီး ချောမောခန့်ညားနေဆဲဖြစ်တဲ့ လူမင်းက သားတစ်ယောက်၊သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်ရဲ့ဖခင်ပဲ ဖြစ်ပါတယ်။ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းဆိုတဲ့ လူမင်းရဲ့သားနဲ့သမီးကတော့ ဘာသာရေးကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိတာကြောင့် ပရိသတ်တွေကပါချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း လူမင်းရဲ့သမီးကြီးလေးက ကိုယ်ပိုင်အိုင်ဒီယာအသစ်လေးနဲ့ ကကွက်လေးတွေဖန်တီးပြီး Tik Tok ကစားထားပါတယ်။

Photo Credit- Amazing Grace
Photo Credit-Ayarwady Lu Min's FB Acc
Photo Credit- Amazing Grace

နာမည်ကြီးသီချင်းလေးတစ်ပုဒ်နဲ့ Tik Tok ကစားထားတဲ့ လူမင်းသမီးလေးကတော့ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းသူလေး ဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီလူမင်းလေးက တကယ့်ကိုထူးချွန်ထက်မြက်သူလေးဖြစ်တာကြောင့် ဖေဖေ့ခြေရာနင်းနိုင်မယ့် သမီးကောင်းလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းသမီးလေးရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Ayarwady Lu Min's Tik Tok Acc

Photo Credit-Ayarwady Lu Min's FB Acc
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။