ပရိသတ်ကြီးရေ.. ခြူးခြူးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ MRTV-4 မင်းသမီးချော ခြူးလေးကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ပွင့်လင်းတဲ့ စကားပြောဟန်ပန် ဟန်ဆောင်မှုကင်းတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေအပြင် Tik Tok ဗီဒီယိုလေးတွေကလည်း သူမကို အချစ်ပိုစေတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်..။


Photo Credit - Yell Lin Naing (My Studio)
Photo Credit - Yell Lin Naing (My Studio)

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးမို့ ပရိသတ်တွေအားလုံးကလည်း သူမရဲ့အချစ်ရေးလေးကို စိတ်ဝင်တစားစောင့်ကြည့်နေကြသလို ခြူးလေးကလည်း သူမရဲ့ Crush ကို ပြောပြလာပါတယ်နော်..။

ခြူးလေးကတော့ အချစ်နဲ့ ပတ်သက်ပြီး နားလည်မှု ယုံကြည်မှု သစ္စာရှိမှုနဲ့ပဲ အချစ်ကို တည်ဆောက်ချင်ပြီး အရမ်းချစ်တတ်သူလေးမို့ ဒီတစ်ခါချစ်မိရင် ချစ်တဲ့ပုံစံပြောင်းပြီး လူငယ်တစ်ယောက်လို မဟုတ်ဘဲ တည်ငြိမ်လေးနက်တဲ့ အချစ်နဲ့ ချစ်တတ်ဖို့ ကြိုးစားမယ့်အကြောင်းလေးကိုလည်း ပြောပြထားပါတယ်..။


Photo Credit - Yell Lin Naing (My Studio)
Photo Credit - Chue Chue's Facebook Account

လတ်တောမှာတော့ အချစ်တော်ခြူးလေးဟာ အလုပ်တွေနဲ့ ယောက်ယက်ခတ်နေတာမို့ အချစ်သူမရှိသေးသလို သူမရဲ့ Crush ကလည်း ကိုရီးယားမင်းသားချောဖြစ်တဲ့ ကင်ဆိုးဟွန်ဆိုပြီးတော့လည်း စနောက်ကာ ချစ်စဖွယ်လေး ပြောပြထားတာပါ..။

အရမ်းကို ကြိုးစားနေရတဲ့ အချိန်မို့ အချစ်ရေးကို အချိန်မပေးနိုင်သေးပါဘူး ချစ်တဲ့ပရိသတ်တွေ ဘာမှ မပူနဲ့လို့ မရှိသေးပါဘူးဆိုပြီး ရယ်မောပျော်ရွှင်ကာ ပြောပြထားတဲ့ ခြူးလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Pyae Hlyan
Photo Credit - Chue Chue's Facebook Account

Photo Credit - Chue Chue's Facebook Account  & Yell Lin Naing (My Studio) & Pyae Hlyan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။