ဂျိမ်းစ်ဘွန်း (၀၀၇) ဇာတ်ကောင်နဲ့အထင်ကရသရုပ်ဆောင်ဗြိန်တိန်သရုပ်ဆောင် ရော်ဂျာမိုး ယနေ့မှာပဲကွယ်လွန်ခဲ့တယ်လို့ CNN သတင်းဌာနမှတစ်ဆင့်သိရှိရပါတယ်။ကွယ်လွန်စဉ်က အသက် ၈၉နှစ်အရွယ်ရှိပြီး ကင်ဆာရောဂါနဲ့ ဆွန်ဇလန်မှာကွယ်လွန်တယ်လို့သိရပါတယ်။

၁၉၇၃ခုနှစ်ကနေ ၁၉၈၅ခုနှစ်အထိ ဂျိမ်းစ်ဘွန်း (၀၀၇) ဇာတ်ကောင်အဖြစ်ပါဝင်ခဲ့တဲ့ ရော်ဂျာမိုးကအင်္ဂလန်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ဆာဘွဲ့ကိုရရှိထားသူ ဖြစ်သလို ကင်ဆာရောဂါအတွက် ကြံကြံခံ တိုက်ပွဲဝင်ခဲ့တယ်လို့ ရောဂျာမိုးမိသားစုဝင် တွေပြောပြချက်အရ သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။မိန်းမလေးယောက်ယူခဲ့ပြီး ကွယ်လွန်ချိန်မှတော့ ကလေး ၃ယောက်ကျန်ခဲ့ပါတယ်။ 

ရော်ဂျာမိုးအသုဘအခမ်းအနားကိုတော့ မိုနာကိုမှာပြုလုပ်သွားမှာပါ။ရော်ဂျာမိုးနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၁၁ခုနှစ်ထွက်ခဲ့တဲ့ A Princess for Christmas ဇာတ်ကားပါ။

ရော်ဂျာမိုးပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားများ

=======================

The Spy Who Loved Me

The Man with the Golden Gun

Live and Let Die

Moonraker

For Your Eyes Only

Octopussy

A View to a Kill

ဝမ်းနည်းခြင်းများစွာဖြင့်

Source: CNN

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။