၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြင့် ယှဉ်ပြိုင်ကစားခဲ့သည့် ယောမြေ (ယူ-၂၁) အသင်း နှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတို့၏ ပွဲစဉ်ကို စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ယောမြေအသင်းကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်အသင်းအတွက် အောင်ကိုဦး က ဟက်ထရစ်သွင်းယူခဲ့ပြီး မင်းဟိန်းထက် နှင့် စိုင်းဆန္ဒအောင် တို့က တစ်ဂိုးစီသွင်းယူခဲ့ပါတယ်။

Photo Credit - Yangon United FC Facebook Page
Photo Credit - Yangon United FC Facebook Page

တစ်ဖက်အသင်းကို ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့ပြီး ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၀ မိနစ်တွင် ရန်ပိုင်ဖြိုး ဂိုးရှေ့တင်ပေးရာမှ ယောမြေနောက်တန်းကစားသမားနှင့်ထိပြီး ဂိုးဝင်ခဲ့သဖြင့် ပထမပိုင်းတွင် တစ်ဂိုးဂိုးမရှိဖြင့် ရန်ကုန်အသင်း ဦးဆောင်နေခဲ့ပါတယ်။ဒုတိယပိုင်း မိနစ် ၆၀ ထိ ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိဘဲ ရဲဌေး အစား ရဲသွေး၊ မြတ်မင်းခိုင်အစား မင်းဟိန်းထက် တို့ဝင်ရောက်ခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ပြီး ပွဲချိန် ၇၂ မိနစ်တွင် မင်းဟိန်းထက် ဘယ်ခြမ်းကကန်တင်ပေးသည်ကို အောင်ကိုဦး က အသာအယာကန်သွင်းနိုင်ခဲ့ပါတယ်။

Photo Credit - Yangon United FC Facebook Page
Photo Credit - Yangon United FC Facebook Page

ဆက်တိုက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို မင်းဟိန်းထက် က ပွဲချိန် ၇၅မိနစ်၊ စိုင်းဆန္ဒအောင်က ၈၀ မိနစ်တွင်သွင်းယူခဲ့ပါတယ်။ ရန်ကုန်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးများကို အောင်ကိုဦး က ပွဲချိန် ၈၅ နှင့် ၉၀ မိနစ်တို့တွင် သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းက ယောမြေ (ယူ-၂၁) အသင်းကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၂၁)အသင်းသည် ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၈ မှတ်ရရှိထားပြီး လာမည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက် (ယူ-၂၁) အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook Page

Source - Yangon United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။