ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါမှာ ပရိသတ်တွေအသည်းစွဲအားပေးရတဲ့အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ယခုချိန်မှာတော့ ကိုယ်ပိုင်မိသားစုဘဝလေးလည်းရှိလာပြီဖြစ်လို့ မိသားစုလေးကိုသာဂရုစိုက်စောင့်ရှောက်ပေးရင်း အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့တာဖြစ်ပါတယ်။နန္ဒာလှိုင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ အနုပညာအလုပ်တွေမလုပ်လည်း သူကိုချစ်နေကြဆဲပဲဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းဦးဇေသီဟကလည်း ချစ်ဇနီးချောလေးကို အရမ်းချစ်ပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။နန္ဒာလှိုင်ကလည်း ချစ်စရာသမီးလေးသုံးယောက်ကိုမွေးဖွားထားပြီး မိသားစုတွေချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စွာနေထိုင်နေကြတာပါ။နန္ဒာလှိုင်ရဲ့မိသားစုဘဝလေးက နွေးထွေးမှုအပြည့်ရှိပြီး အေးချမ်းသာယာလို့ ပရိသတ်တွေအားကျရလောက်မယ့်မိသားစုလေးဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

နန္ဒာလှိုင်ရဲ့ သမီးလေးသုံးယောက်ကတော့ ကျောင်းတက်နေတဲ့အရွယ်တွေရောက်နေပြီး ပညာရေးမှာလည်းထူးချွန်ထက်မြက်ကြတဲ့ သမီးတွေပါနော်။နန္ဒာလှိုင်ကလည်းသမီးတွေကို အစစအရာရာသေချာသင်ကြားပြသပေးတာကြောင့် သမီးလေးတွေကသိတတ်လိမ္မာကြပါတယ်။အခုဆိုရင်လည်း အထွေးဆုံးလေး မဒီလေးက စာတွေကြိုးစားပမ်းစားလုပ်နေတဲ့ ချစ်စရာပုံလေးတွေကို မေမေနန္ဒာလှိုင်က လှုမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account
Photo Credit:Nandar Hlaing's Facebook Account

Source&Photo Credit:Nandar Hlaing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။