ပရိသတ်ကြီးရေ တရုတ်မင်းသမီးလေးတစ်ယောက်လို ထင်မှတ်ရလောက်အောင် ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် အသားရည်လေးတွေကလည်း နုဖက်လွန်းနေတဲ့ မော်လ်ဒယ်မင်းသမီးချောလေး နော်ဖောအယ်ထားလေးကို ပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါနော်..။ဒါ့အပြင် စိတ်သဘောထားပြည့်ဝပြီး အမြဲပြုံပျော်ရွှင်နေတဲ့ နော်ဖောအယ်ထား ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်လမ်းတွဲ့တွေအပြင် ကြော်ငြာတွေလည်း ရိုက်ကူးမှုတွေလည်း လုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit -BLING BLING Photography
Photo Credit -BLING BLING Photography

ယခုမှာဆိုရင်လည်း နော်ဖောအယ်ထားက အဝါရောင် ဂါဝန်လေးကို ဝတ်ဆင်ပြီး အထားကျကျ ပုံစံလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ နော်ဖောအယ်ထားက ခန္ဓာကိုယ်လေးကလည်း ကျစ်လျစ်နေပြီး လိုက်ဖက်လွန်းလှတဲ့ အဝါရောင် ဂါဝန်ဝတ်စုံလေးကြောင့် သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်နော်…။

Photo Credit -BLING BLING Photography
Photo Credit -BLING BLING Photography

ချစ်စရာကောင်းတဲ့ နော်ဖောအယ်ထားရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို ချစ်သက်ကြွေအောင် ညို့ဖမ်းစားလိုက်ပြန်တာဖြစ်ပါတယ်နော်..။ ဒီပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရရှိအောင် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ပရိသတ်ကြီးကလည်း တစ်မျိုးလေး လှသွေးကြွယ်နေပြီး ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ နော်ဖောအယ်ထား ရဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်..။

Photo Credit -BLING BLING Photography
Photo Credit -BLING BLING Photography

Source - Naw Phaw Eh Htar’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။