ယခုနှစ် လာမယ့်အကယ်ဒမီကတော့ ဖွေးဖွေးလေးရဲ့ ပရိသတ်တွေအတွက် ထပ်မံရင်ခုန်ရမယ့် နှစ်တစ်နှစ်ပါပဲ။ နဂိုက အစားအသောက်မက်သူမို့ ကားရှိုက်မရှိရင်ကြိုက်တာစားပေမယ့် ဇာတ်ရုပ်အတွက်ဆိုရင်တော့ အမြဲဦးစားပေးတတ်တဲ့ ဖွေးစိန်လေး နောက်တစ်ကားအတွက် ဝိတ်ထိန်းနေပြန်ပါတယ်တဲ့....

ဖွေးဖွေးက အလင်းရောင်နဲ့အတူ "ကာဗွန်ဒိုင်အောက်ဆိုဒ်" ဇာတ်ကားကို နောက်ဆုံးရိုက်ကူးခဲ့တာဖြစ်ပြီး ယခုလည်း နောက်တစ်ကားရိုက်တော့မယ်လို့ သူမရဲ့ Fan Page လေးကနေ ပြောရင်း ပဠေဟိဝှက်လိုက်ပါသေးတယ်။

ဖွေးကိုချစ်သော ဖွေးချစ်ပရိသတ်များသို့

CO2 ရိုက်ပြီးသကာ လ နောက်ရိုက် ရမယ့်ကား ကလည်း ဖွေး အတွက်ထူးခြားပါတယ်

ခု MAY လကုန်အထိနားပြီးစားချင်ရာစား ပျော်သလိုနေပြီးတာ နဲ့

နောက် JUNE တစ်လလုံး မှာ နောက်ဇာတ်ကောင် character ဝင်အောင်

ဝိတ်ချ ဇာတ်ဖတ်ရင်း တစ်လလုံး ပြင်ဆင်ရပါမယ်

အသေးစိတ်ကို တရက် live လွှင့်ပြီးပြောပြ ပါမယ်

တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ

အချစ် ဇာတ်လမ်း မဟုတ်ပါဘူး ♡

JULY မှာ စရိုက်ကူးရပါမယ်

တစ်ခါမှမတွဲဘူး မလုပ်ဖူးတဲ့ အတွဲ နဲ့ ဇာတ်ပါ

"သမ္မတကြီးထံပေးစာ"လည်းမဟုတ်သေးပါဘူး

#pp #BurmeseActressPP

Source: Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။