ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးနန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ သမီးလေးတွေကိုသာ အချိန်ပြည့် ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေကိုလည်း အောင်မြင်အောင် ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account

ပရိသတ်တွေကလည်း သူမရဲ့ချစ်စရာကောင်းတဲ့မိသားစုလေးကို ကြည့်ကာ ကြည်နူးအားကျနေရတာပါ။ မိသားစုနဲ့လည်း မကြာခဏအပန်းဖြေခရီးတွေ ထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေလည်း မကြာခဏဆိုသလို ဝေမျှလေ့ရှိတာပါ။ အခုမှာလည်း နန္ဒာလှိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account
Photo Credit - Nandar Hlaing's Facebook Account

ဒါကတော့ ညီအစ်မသုံးယောက် တစ်ယောက်တစ်နေရာစီအသီးသီးယူထားပြီး ဇိမ်ကျကျရုပ်ရှင်ကြည့်နေကြတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သူတို့ညီအစ်မ သုံးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ချစ်ခင်ကြတာဟာလည်း ကြည်နူးစရာကောင်းလွန်းလှပါတယ်နော်။ ပရိသတ်တွေအတွက် နန္ဒာလှိုင် သမီးသုံးယောက်ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Nandar Hlaing's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။