မော်ဒယ်မင်းသားချောလေး မင်းသွေးခန့်ကတော့ Music Viedoတွေ၊ ကြော်ငြာတွေမှာ စတင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူက အခုလက်ရှိမှာ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကို ခံရတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဓါတ်ပုံအလန်းလေးတွေကို အမြဲရိုက်တက်ပြီး ပြုံးလိုက်တိုင်းပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ သွားတက်လေးကြောင့် မိန်းခလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်နေ်ာ။ 

Photo Credit; Eaim Sett
Photo Credit; Eaim Sett

အခုလက်ရှိမှာလည်း သရုပ်ဆောင်မင်းသားချောလေး မင်းသွေးခန့်က ဖေဖော်ဝါရီလမှာကျရောက်တဲ့ ချစ်သူများနေ့မှာ သူရဲ့ ပရိသတ်တွေ ရင်ခုန်အောင်လုပ်ပြခဲ့ပါသေးတယ်။ "မင်းအတွက ်အမှတ်တရ" ဆိုတဲ့ စာသားလေးနဲ့အတူ လှပလွန်းတဲ့ ပန်းစည်းကြီးကို ပိုက်ကာ ရိုက်ထားတဲ့ ပုံလေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် မျှဝေထားတာပဲဖြစ်ပါတယ်။ တော်ကီကြွယ်ပြီး စကားသိပ်တက်လွန်းတဲ့ မင်းသွေးခန့်ကို ပရိသတ်တွေက အချစ်ပိုနေကြမှာ အမှန်ပါပဲနော်။

Photo Credit; Eaim Sett
Photo Credit; Eaim Sett

ကိုရီးယား မင်းသားလေးအလား ထင်မှတ်ရလောက်တဲ့ မင်းသွေးခန့်က လတ်တလောတွင် Innocence seriesမှာ စေနိုင်သူဆိုတဲ့ villainနေရာကနေပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ မင်းသားချောလေး မင်းသွေးခန့်ကို အားပေးကြမယ်မလား။ ချောမောလှပတဲ့ သူလေးရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ မင်းသားချောလေး မင်းသွေးခန့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေ ပေးဖို့ မမေ့ပါနဲ့အုန်းနော်......။ 

Photo Credit; Eaim Sett
Photo Credit; Eaim Sett
Photo Credit; Eaim Sett

Photo Credit; Eaim Sett

Source; Min Thway Khant's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။