စံရတီမိုးမြင့်ဆိုတာနဲ့ ချစ်စရာကောင်းလောက်အောင်လှနေတဲ့မင်းသမီးချောလေးကိုပြေးမြင်မိကြမှာပါ။အနုပညာလောကမှာလည်းပရိသတ်တွေသာမကအနုပညာရှင်မောင်နှမတွေကချစ်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကတော့ချစ်စရာကောင်းရုံသာမကစိတ်ထားလေးကပါဖြူစင်တာကြောင့်ပရိသတ်တွေအချစ်အပြည့်နဲ့အောင်မြင်နေတာဖြစ်ပါတယ်။

Photo Credit- San Yati Moe Myint's Facebook Account
Photo Credit- San Yati Moe Myint's Facebook Account
Photo Credit- San Yati Moe Myint's Facebook Account

ဗီဒီယိုဇာတ်ကားတွေလက်ထက်ကနေပြီးခုချိန်ထိတိုင်အောင်ပရိသတ်တွေမလျော့ပဲပိုလာတဲ့အထိအားပေးနေရတာပါ။သူရဲ့တစ်နေ့တစ်ခြားလှလာတဲ့ပုံရိပ်လေးတွေကြောင့်လည်းပရိသတ်တွေကြားမှာသူ့ပုံရိပ်တိုင်းကစိတ်ဝင်စားစွာစောင့်ကြည့်ခံနေရတာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးမှုနည်းပေမယ့်ပွဲလေးတွေမှာတော့မပါမဖြစ်တက်ယောက်ပေးရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo Credit- San Yati Moe Myint's Facebook Account
Photo Credit- San Yati Moe Myint's Facebook Account
Photo Credit- San Yati Moe Myint's Facebook Account

မနေ့ညကတော့ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ညစာစားသောက်နေကြရင်းနဲ့ သူမဆီကို စပရိုက်ပန်းစည်းလေး ရောက်ရှိလာတာကြောင့် အံ့သြဝမ်းသာ ဖြစ်ခဲ့ရတာပါ။ ဒီဗီဒီယိုလေးကိုတော့ မော်ဒယ် အွန်ဆိုင်းရဲ့ Instagram Stories မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source - Awnseng'ds Instagram Stories

Photo Credit- San Yati Moe Myint's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။