လူကြမ်းသရုပ်ဆောင်ကြီး ကိုကျော်ဇင်ထွဋ်ကတော့ သမီးလေးအတွက် ဂုဏ်ယူလို့နေပါတယ် ။

ဂုဏ်လဲဂုဏ်ယူချင်စရာပါပဲ ။ ချစ်ဖို့ကောင်းတဲ့သမီးချောလေးက ပညာရေးမှာထူးချွန်ရုံတင်မက အချက်အပြုတ်ပါ ကျွမ်းကျင်တယ်ဆိုတော့

ဖေဖေ့အတွက် ကျေနပ်စရာပေါ့နော် ။ 

“23-5-2017 ဖေချစ်Oh-oလေး တစ်ယောက် ကိုယ်တိုင်လုပ်ထားတဲ့ Kimchi လေး ဖြစ်ပါအိ ။ မှတ်ချက် ။ ။ ကောင်း၊မကောင်းတော့ မသိ ။ အရောင်လေး ကတော့ လွန်စွာလှအိ” လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ သူမလက်ရာလေးကို ကိုင်ထားတဲ့သမီးလေးနဲ့အတူ ဓါတ်ပုံတွေလဲရိုက်ထားပါသေးတယ် ။

ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုကျော်ဇင်ထွဋ်ဟာ သမီးလေးနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး သမီးဖြစ်သူ ၁၀ တန်း တက်နေချိန်မှာ သူများသားသမီးတွေနဲ့ တန်းတူ ကျူရှင်ကောင်းကောင်းမထားပေးနိုင်ခဲ့လို့ ဖခင်တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်ရသော်လည်း သမီးကြီးကလည်း တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့လို့ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရပါတယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Source : Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။