သရုပ်ဆောင်ကောင်းရုံသာမက အနုပညာနဲ့ပတ်သတ်ရင် အမြဲတစေတက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ နေတိုး ကိုချစ်ခင်အားပေးတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းတစ်ခု သယ်လာတယ်နော်..အဲ့တာကတော့ မကြာခင်ကြည့်ရမယ့်နေတိုးဇာတ်ကားကောင်းတွေပါ။

ဇာတ်ကားအလိုက်မတူညီတဲ့ သရုပ်ဆောင်ချက်၊ကြိုတင်ပြင်ဆင်မှု၊ဇာတ်ကောင်စရိုက် အပြင်မိတ်ကပ်ပြင်ဆင်မှု၊ဖိုက်တင်ချခန်းတွေအတွက် သရုပ်ပြတာတွေ ကအစ အနုပညာပိုင်းဆိုင်ရာ ပါဝင်လှုပ်ရှားမှုတွေကြောင့် နေတိုးကို ပရိသတ်တွေက လွန်စွာချစ်ခင်အားပေးကြတာတွေ့ရပါတယ်။

မကြာခင် “ကျွန်” ဇာတ်ကားရုံတင်တေ့ာမှာဆိုတော့ သွားကြည့်ကြရအောင်…

နေတိုး၏ ဇာတ်ကားများ

1 တာတေကြီး(ရွှေသမီး)

2 ကျွန်(ဝတ်မှုံရွှေရည် စိုးမြတ်သူဇာ)

3 ကမ႓ာကျော်ရွာ(ရွှေသမီး)

4 အောင်စေပိုင်စေ( ခိုင်သင်းကြည် အိချောပို)

5 မုန်းလို့ရရင် မုန်းချင်တယ်(သင်ဇာဝင့်ကျော် ရတနာမိုင်)

6 မနက်ဖြန်တိုင်းမှာ(အိချောပို ဇွန်သံစဉ် )

7 မွှေချက်ကတော့လွန်လွန်းတယ်(သက်မွန်မြင့်)

8 ကြောက်ကြောက်ကြောက်(ခင်ဝင့်ဝါ မေမြင့်မိုရ် ပိုပို)

9 ထာဝရအမေ(ဝတ်မှုံရွှေရည် မေသန်းနု) 

10 ပြုံးရွှင်ရေပျော်ရဲ့လား(ရွှေမှုံရတီ အေးမြတ်သူ)

11 လရောင်ဖျာတဲ့အင်းလေးမှာ(ဝတ်မှုံရွှေရည်)

12 အမုန်းတွေခေါက်ထားလိုက်(မိုးဟေကို)

13 ကိုယ့်ဇာတ်လမ်းမှာကိုယ်သာဇာတ်လိုက်(ဝတ်မှုံရွှေရည်)

14 ရူးအောင်ချစ်မယ့်လူ(အိန္ဒြာကျော်ဇင်)

15 နှစ်ပါးသွားupdate(ဝတ်မှုံရွှေရည်)

16 ပတ်ပတ်ဆက်ဆက်ညှို့(မိုးစက်ဝိုင်)

17 တိမ်တိုက်တံတား(ခင်ဝင့်ဝါ)

18 တည်ကြက်(သင်ဇာဝင့်ကျော် ရွှေသမီး)

19 ပြဿနာ (စိုးမြတ်သူဇာ စိုးပြည့်သဇင်) 

အမျိုးသမီးဇာတ်ကောင်စရိုက် ပီပြင်မှုကြောင့် စိတ်ဝင်စားမှုနှုန်းမြင့်တက်လာတဲ့ တာတေကြီး ဇာတ်ကား၊ ဒိတ်ဒိတ်ကြဲ အမျိုးသမီး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ တည်ကြက် ဇာတ်ကား၊မိတ်ကပ်ပြင်ဆင်မှုအထိ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ကြောက် ကြောက် ကြောက် ဇာတ်ကားအပြင် ရင်ထဲထိအောင်ရိုက်ခတ်မယ့် နေတိုးဇာတ်ကားတွေက ဒီနှစ်အကယ်ဒမီအတွက် Admin တော့ ရင်ခုန်မိတယ်လေ…

Source: မြန်မာ့အနုပညာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။