မြန်မာ့လက်ရွေးစင် ယူ-၂၀ ဖူဆယ်အသင်းရဲ့ ပြိုင်ပွဲတွေရှိနေလို့ ရပ်နားထားတဲ့ ဒီပြိုင်ပွဲဟာ ပြန်လည်စတင်တဲ့ နေ့မှာတော့ ပရိသတ်တွေ အတွက် ပွဲကောင်းတွေ ယူဆောင်လာမှာပါ။

နံနက်၈း၃၀ အချိန်မှာ စတင်ကျင်းပမဲ့ ပွဲစဉ်မှာပဲ အမှတ်ပေးဇယား ထိပ်ဆုံးက Pyay United အသင်းနဲ့ MIC အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာ အကောင်း ဆုံးပြိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်

ဒါ့အပြင် အဆင့်သုံးက VUC အသင်းနဲ့ အဆင့် လေးက Yanmonnya အသင်းတို့ရဲ့ ပွဲစဉ်ကလည်း ချန်ပီယံလမ်းကြောင်းကိို အပြောင်းအလဲပြုလုပ် နိုင်ဖို့ ကြိုးစားကြမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။

MFF Myanmar Futsal League 2017 ပွဲစဉ်တွေကို NIS (1)၊ အမျိုးသားအားကစား ပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏမှာ ကျင်းပနေတာ ဖြစ်ပြီး ကွင်းဝင်ကြေးကိုတော့ ၅၀၀ ကျပ် အဖြစ် သတ်မှတ် ထားပါတယ်။

Source: MFF

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။