မတူညီတဲ့ ပုံစံတွေနဲ့ပွဲထွက်လာမယ့် အူဝဲအတွက် လက်ခုတ်တီး အားပေးရင်း ဇာတ်ကားတွေကို စောင့်ကြည့်ရအောင်လေ ဇာတ်ကားကောင်းတွေက အများကြီးပါ။ အူဝဲက လက်ရှိအချိန်မှာ ပျော်ရွှင်ဖွယ်မိသားစုကို တည်ဆောက်ရင်း မကြာခဏအနုပညာ အလုပ်တွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ အနုပညာမောင်နှံနှစ်ဖော်အိမ်ထောင်ရေးက အားကျစရာဖြစ်သလို အူဝဲက အခုဆိုရင် ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ဇာတ်ကားကောင်းတွေ ဖြန့်ချီဖို့အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။အူဝဲပရိသတ်တွေအတွက် ကြည့်ရမယ့်ဇာတ်ကားတွေကို ဖော်ပြလိုက်ပါတယ်။

၁ ရင်ဘတ်ထဲကဓါး ( ပြေတီဦး)

၂ အမျှ အမျှ (ခန့်စည်သူ)

၃ ရူးအောင်ချစ်မယ့်လူ ( နေတိုး)

၄ ကျွန်မအချစ်ဆုံးယောက်ကျားသုံးယောက် (ပြေတီဦး)

၅ တစ်နေ့ရွှေ တစ်နေ့ငွေ (အောင်ရဲလင်း)

၆ ကြတ်ဂူ (လူမင်း မြင့်မြတ်)

၇ ဝုန်းပလိုက်မယ် ( ကျော်ရဲအောင် ကျော်ကျော်ဗိုလ်)

၈ Reflection (no actor)

၉ လေဒီဒိန်းဂျား (ခန့်စည်သူ ထွန်းကိုကို)

၁၀ မြန်မာပေါကားတွေရပ် (ဟာသသရုပ်ဆောင်များ)

၁၁ အချိုဆုံးအချစ် အပြင်းဆုံးအဆိပ် (အောင်ရဲလင်း) 

ကျွန်မအချစ်ဆုံးယောက်ကျားသုံးယောက်၊ အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်၊ Reflectionနဲ့ အမျှ အမျှ ဇာတ်ကားတွေကို ပရိသတ်ကိုအပြည့်အဝဖမ်းစားမယ့်ဇာတ်ကားတွေလို့လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။ပြေတီဦးနဲ့ အူဝဲတို့ ရင်ဘတ်ထဲကဓါး ဇာတ်ကားကတော့ပရိသတ်တွေအမျှော်လင့်ဆုံး ဇာတ်ကားဆိုတာကတော့သေချာပါတယ်..........

Source: မြန်မာ့အနုပညာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။