ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမှတ်တရ အဖြစ်သာ သိမ်းထားနိုင်သော အရုပ်လေးတစ်ရုပ် ဖြစ်ပေမယ့် ကမ္ဘာ့မှာ တန်ဖိုးကြီးသော ဇိမ်ခံ ပစ္စည်းအမျိုးအစားစာရင်းဝင်တဲ့ "Hello kitty" အရုပ်လေးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သတင်းကဏ္ဍစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

"Hello Kitty" ဆိုတဲ့ ဂျပန် ကာတွန်းဇတ်ကောင်လေးကို ပရိသတ်ကြီး ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ ထိုဇာတ်ကောင်အတိုင်း အပြင်မှာ အရုပ်လေးတွေကို ထုတ်လုပ်ဖြန့်ချိခဲ့ရာ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ ထိုလူကြိုက်များသော အရုပ်လေးကိုပဲ ၅ ဒသမ ၆ စင်တီမီတာသာ မြင့်ပြီး၊ ၃ ဒသမ ၈ စင်တီမီတာ အရွယ်အစားရှိတဲ့ ပလက်တီနမ် Hello kitty အရုပ်သေးသေးလေးကို ထပ်မံ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

အလေးချိန် ၅၉၀ ဂရမ်ရှိတဲ့ ထို ပလက်တီနမ် hello kitty အရုပ်လေးကို သဘောကျနှစ်သက်ကြပြီး မြင်သူတိုင်း လိုချင်ကြတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုအရုပ်လေးကို အဖိုးတန် ကျောက်မျက်များဖြစ်တဲ့ ပတ္တမြား၊ နီလာဝါ၊ နီလာပြာနှင့် အပြာရောင် ဥဿဖယားတို့ဖြင့် ဆင်မြန်း မွမ်းမံထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ထိုအရုပ်ကလေးကို နှစ်သက်သူဟာ ဒေါ်လာ ၁၆၄ ၀၀၀ ပေးမှသာ ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် တိုကျိုမြို့ မစ်ဆူကိုရှီ အရောင်းစင်တာတွင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။