ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ နှစ်ပေါင်းများစွာကြာအောင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ အနု၊အကြမ်းစတဲ့ ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ ခင်လှိုင်က အခုချိန်မှာတော့ သရုပ်ဆောင်အဖြစ်ရော ဒါရိုက်တာအဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဟာသသရုပ်ဆောင်မင်းသားကြီးခင်လှိုင့်ကို စွဲစွဲမြဲမြဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ပျော်ပျော်နေတတ်သလို ပရိသတ်တွေကိုပါ အပျော်တွေဖန်တီးပေးလေ့ရှိတဲ့ ခင်လှိုင်က လူမှုကွန်ယက်စာမျက်နှာထက်မှာ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ သူတို့မိသားစုရဲ့ပုံလေးတွေကို အမြဲတင်လေ့ရှိတာဖြစ်ပါတယ်။ အထူးသဖြင့် ခင်လှိုင်က သူအရမ်းချစ်ရတဲ့ ချစ်ဇနီးလေးကို စနောက်ကျီစယ်ရင်း စုံတွဲပုံလေးတွေကိုမျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ခင်လှိုင်က ဇနီးသည်ကို ဒေါ်ငွေသိမ်းလို့ ချစ်စနိုးလေးခေါ်ပြီး စနောက်လိုက်ပြန်ပါတယ်။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ခင်လှိုင်က "ဒေါ်ငွေသိမ်း ဘယ်လောက်ပဲခိုင်းခိုင်း သားသားပြုံးနေဆဲပါ" ဆိုပြီး ရိုက်ကူးရေးပြုလုပ်နေတဲ့ ပုံလေးကို တွဲတင်ထားတာ ဖြစ်ပါတယ်။ ခင်လှိုင်တို့ဇနီးမောင်နှံကတော့ အခုချိန်အထိ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ပျော်ရွှင်နေကြတာကလည်း အရမ်းကိုကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ခင်လှိုင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Khin Hlaing's FB Acc  

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။