မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အချစ်တွေကိုရယူ သိမ်းပိုက်ထားနိုင်တဲ့ သူလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ရိုးသားဖြူစင်တဲ့ ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် အဆိုပိုင်းမှာလည် ကောင်းမွန်တာကြောင့် ပရိသတ်အားပေးဝန်းရံမှုတွေ ရရှိထားသလို အေးချမ်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit; Poe Kyar Phyu Khin's fb account

ခရီးတွေမကြာခဏသွားလေ့ရှိတဲ့ ပိုးလေးကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အမြဲလိုလို ထိတွေ့မှုရှိနေတာပဲဖြစ်ပါတယ်နော်။ ပိုးကြာဖြူခင်ကတော့ လတ်တလောမှာ ချောင်းသာကို ရောက်ရှိနေပြီ ချစ်စရာကောင်တဲ့ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်။ ပင်လယ်ကမ်းခြေက နေရောင်ခြည်အောက်မှာ ခရုလေးတွေကောက်ကာ ဓာတ်ဖမ်းထားတဲ့ ပိုးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြဦးမှာပါနော်..။

Photo Credit; Poe Kyar Phyu Khin's fb account

"ပင်လယ်ပြင်ကြီးလောက် ပြန်ချစ်ပေးနိုင်တယ် မင်းသာကိုယ့်ကို တကယ်ချစ်ရင်ပေါ့ "ဆိုပြီး ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်..။ ပင်လယ်ကမ်းခြေနားမှာ ခရုကောက်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကလည်း တကယ်ကို ချစ်စရာလေးပါနော်။ မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit; Poe Kyar Phyu Khin's fb account
Photo Credit; Poe Kyar Phyu Khin's fb account

Photo Credit; Poe Kyar Phyu Khin's fb account

Source; Poe Kyar Phyu Khin's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။