ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ရှားပါး မှတ်တမ်း ပုံရိပ်များအကြောင်းကို ကြည့်ရှုခံစားရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထိုပုံရိပ်များဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သမိုင်းဝင်မှတ်တမ်းများလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ ထိုပုံရိပ်တွေအကြောင်း မတင်ဆက်သေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ Myanmarload page ကို like and follow လုပ်ပေးဖို့ ပြောချင်ပါတယ်နော်။

photo credit Once A Glance Page

ကဲ စာဖတ်ပရိသတ်ကြီးကို ပထမဦးဆုံး ပြောပြပေးမယ့် ပုံရိပ်လေးရဲ့ အကြောင်းကတော့ ရွေ့လျား စနစ်ဖြင့် ပြသခဲ့တဲ့ ပြဇာတ်ရုံကြီးအကြောင်းပဲ ဖြစ်ပါတယ်။ အခုခေတ်အခါမှာ မြင်တွေ့ရဖို့ မလွယ်ပေမယ့် အဲ့ခေတ်အခါတုန်းကတော့ "ပညတ်တော် ဆယ်ပါး" ရုပ်ရှင် ကားကြီးကို therater ဖြင့် မြို့ရဲ့ လမ်းမတွေပေါ်မှာ ရွေ့လျားပြီး ပြသခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပုံရိပ်ကတော့ ၁၉၅၆ ခုနှစ်တွင် ၅ MB သာရှိတဲ့ ကွန်ပြူတာ Hard disk ကို လေယာဉ်ဖြင့် သယ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အခုခေတ်လူငယ်တွေကို ပြန်ပြောပြမယ်ဆိုရင် ရယ်စရာ အဖြစ်အပျက်တစ်ခုလို ဖြစ်နေမှာပါနော်။

photo credit Once A Glance Page

နောက်ထပ် မြင်တွေ့ရမယ့် ပုံရိပ်လေးကတော့ ၁၉၅၀ ခုနှစ်မှာ ကိုကာကိုလာ အချိုရည်အား ပြင်သစ်လူမျိုးတွေကို စတင်မိတ်ဆက်နေတာ ပဲဖြစ်ပါတယ်။ နောက်ဆုံး ရင်သပ်ရှုမောဖွယ် ပုံရိပ်လေးကတော့ "Normandy" (နော်မာန်ဒီ) ကမ်းတက်တိုက်ပွဲအပြီး မဟာမိတ် အမေရိကန်တို့က ပြင်သစ်နိုင်ငံ St.Lo.France သို့ဝင်ရောက်လာပုံကို လူငယ်လေးနှစ်ယောက်က သစ်ပင်ပေါ်မှာ ထိုင်ကြည့်နေတဲ့ပုံပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးသွားတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုခံစားဖတ်ရှုရတာ ကျေနပ်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။

source Once A Glance Page

photo credit Once A Glance Page  

photo credit Once A Glance Page
photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။