Mrtv-4ရုပ်သံဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်တွေအားပေးမှုအပြည့်အ၀ရရှိလာခဲ့ပြီး အောင်မြင်ကျော်ကြားလာသူလေးကတော့ မင်းသမီးချောလေး‌မေမြင့်မိုရ်ပါ။ သူမဟာ မြန်မာဆန်ဆန်ရင်အေးစေတဲ့အလှမျိုးလေးကို ပိုင်ဆိူင်ထားတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်စွာသရုပ်နိုင်တဲ့သူတစ်ယောက်ပါနော်။ သူမဟာ ပန်းနုသွေးဇာတ်လမ်းတွဲဖြင့် ပရိတ်သတ်အားပေးမှုစတင်ရရှိလာခဲ့ပြီး ယခုဆိုရင်အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဖြစ်နေပါပြီနော်။


Photo Credit-May Myint Mo's Facebook page
Photo Credit-May Myint Mo's Facebook page

မကြာသေးမီက မေမြင့်မိုရ်ဟာသူမရဲ့ facebookစာမျက်နှာတွင် "ပုဂံရောက်ရင်မသောက်မဖြစ်မေလေးအကြိုက် ထန်းရည်လေးသောက်ပါဦးရှင့်"ဆိုတဲ့ captionလေးနဲ့ဗီဒီယိုလေးတစ်ခုတင်ပေးလာပါတယ်။ သူမဟာ ထန်းရည်အိုးထဲကနေ အားပါးတရခပ်ကာ သောက်နေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ပုဂံရောက်ရင်ထန်းရည်ဆိုင်၀င်ဖြစ်ကြတယ်မလား။

Photo Credit-May Myint Mo's Facebook page
Photo Credit-May Myint Mo's Facebook page

မေမြင့်မိုရ်ဟာလတ်တလောတွင် မဂ္ဂဇင်းကာဗာများ၊ကြော်ငြာများရိုက်ကူးနေပြီး အနုပညာလုပ်ငန်းများကိုဆက်တိုက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မေမြင့်မိုရ်ကိုအားပေးကြတယ်မလား။ ချစ်စရာကောင်းစွာ ထန်းရည်သောက်‌နေတဲ့မေမြင့်မိုရ်ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's Facebook page
Photo Credit-May Myint Mo's Facebook page

Source-May Myint Mo's Facebook page

Photo Credit-May Myint Mo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။