သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ အကယ်ဒမီမင်းသားချောလေးမြင့်မြတ်ကို ပရိတ်သတ်ကြီးအားလုံး သိကြမယ်ထင်ပါတယ်နော်။ သူဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် ပရိတ်သတ်တွေကို ဒရမ်မာရော ဟာသရောနဲ့ပါဖျော်ဖြေနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မြင့်မြတ်ဟာ ယခုဆိုရင်သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားငယ်လေး မြတ်သူကိုလည်း ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်နော်။


Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မကြာသေးမီက မြင့်မြတ်ဟာသူ့ရဲ့facebookစာမျက်နှာတွင် ချစ်စရာမြတ်သူလေးရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ မြတ်သူလေးဟာ ချောင်းသာကိုရောက်ရှိနေတာဖြစ်ပြီး ဘိလယက်ခုံလေးပေါ်မှာ ဆော့ကစားနေတာဖြစ်ပါတယ်။ မြတ်သူလေးကတော့ ကြည့်လေကြည့်လေ ဖေဖေနဲ့တူတူလာလေပါပဲနော်။


Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ ဗီဒီယိုဇာတ်ကားများဖြင့်အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိအောင်မြင်နေတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မြင့်မြတ်ကိုအားပေးကြမယ်မလား။ မြင့်မြတ်ရဲ့ချစ်စရာသားငယ်လေးမြတ်သူရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Myat Wai Tun's Facebook acc
Photo Credit-Myat Wai Tun's Facebook acc

Source-Myat Wai Tun's Facebook acc

Photo Credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။