"The Heirs" "Uncontrollably Fond" စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ကျော်ကြားမှုရရှိထားတဲ့ မင်းသားကင်ဝူဘင်ဟာ ကင်ဆာရောဂါခံစားနေရတယ်လို့ သူ့ရဲ့ agency က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ထိုသတင်းဟာ ကမ႓ာတစ်ဝှမ်းက သူ့ရဲ့ပရိသတ်တွေကို တုန်လှုပ်ခြောက်ခြား ဝမ်းနည်းစေခဲ့ပါတယ်။ ကင်ဝူဘင်ဟာ Nasopharynx Cancer အမည်ရတဲ့ နားနှားခေါင်းလည်ချောင်း ကင်ဆာဝေဒနာကို ခံစားနေရတာလို့ သိရပါတယ်။ မကြာခင်ကမှ နေထိုင်မကောင်းရာကနေ ဆရာဝန်ဆီသွားပြရာမှ သိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒီသတင်းကြောင့် ကိုရီးယားမှာသာမက ကမ႓ာတစ်ဝှမ်းက ပရိသတ်တွေ အနုပညာရှင်တွေပါ စိတ်မကောင်းဖြစ်နေကြတယ်လို့ သိရပြီး သူ့ရဲ့ပရိသတ်တွေကတော့ သူပြန်ကျန်းမာလာဖို့အတွက် ဆုတောင်းပေးနေကြတာတွေ့ရပါတယ်။

Source: Krealfans

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။