လူတွေလူတွေ ကိုယ်ချင်းစာတရားကင်းမဲ့ချက်က တော်တော်ကြောက်ဖို့ကောင်းတယ်။ကို မထိခိုက်ရင်ပြီးရော စိတ်နဲ့ပဲအရာရာကို သနားကြင်နာစိတ်မရှိဘဲ ဆုံးဖြတ်တက်ကြတယ်။စိတ်နာဖို့ကောင်းတယ်။

တလောက အင်တာနက်မှာတက်လာတဲ့ပုံအရ ပါးစပ်ကို တိပ်နဲ့ ပတ်ထားတဲ့ ခွေးတစ်ကောင်ကို လမ်းသွားလမ်းလာတစ်ယောက် တွေ့လို့ကယ်ပြီး ခွေးကယ်ဆယ်ရေးစခန်းကို ပို့လိုက်တဲ့အကြောင်းလေကို ဖတ်ရပါတယ်။ တကယ်လို့သာကယ်ဆယ်မယ့်သူမရှိခဲ့ရင် ခွေးလေးဘဝက မတွေ့ဝံ့စရာပါ။

အဲ့လိုကယ်ဆယ်မယ့်ကယ်တင်ရှင်လုံးဝ မပေါ်လာအောင် ခွေးပိုင်ရှင်က ဆောင်ရွက်ခဲ့ပါသေးတယ်။ အဲ့တာကတော့ခွေးကို မစွန့်ပစ်ခင်မှာပဲ မပြေးနိုင်အောင်ခွေးကိုကြိုးနဲ့တုတ်၊ မအော်နိုင်အအောင် ပါးစပ်ကိုတိတ်နဲ့ပတ် ၊ နောက်ဆုံးမမြင်အောင်မျက်လုံးကို မဖောက်ထုတ်သွားတာ တော်သေးတယ်လို့ ပြောရမှာပါ။ အကြင်နာတရားခေါင်းပါးဆုံးခွေးသခင်ပါ။

ရေပိုင်ပြင်သမား Carlos Carillo ကိုတစ်ယောက် အလုပ်ကနေ အိမ်ပြန်လမ်းမှာတော့ မမျှော်လင့်တဲ့အနေအထားတစ်ခုကို ကြုံတွေ့လိုက်ရပါတယ်။ “ကနေဦးမှာတော့ အဲ့တာက ခွေးတစ်ကောင်ဖြဟ်နေမှန်း သတိမထားမပါဘူး”လို့ ရေပိုင်ပြင်သမား Carlos Carillo ကဆိုပါတယ်။

နောက်ဆုံးမှာတော့ အနားသွားကြည့်ရာကနေ ပါးစပ်ကိုတိတ်နဲ့ကပ်၊မလှုပ်ရှားနိုင်အောင် တိတ်နဲ့ချည်နှောင်ထားမှုကို တွေ့ရှိကယ်ဆယ်ပြီးနောက်မှာတော့ ခွေးကယ်ဆယ်ရေးစခန်းကိုပို့ဆောင်နိုင်ခဲ့လို အသက်ရှင်ခဲ့ရပါတယ်။ တကယ်လို့ ရေပိုင်ပြင်သမား Carlos Carillo သာ အဲ့ခွေးကိုမတွေ့ခဲ့ရင်…

Source: ABC

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။