မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေ၊ အကဗီဒီယိုလေးတွေနဲ့ Social Media ထက်မှာ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဖြူဖြူထွေးက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ လက်ခံရိုက်ကူးရင်း ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးပြီး အနုပညာလောကကိုဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက ရိုးသားကြိုးစားပြီး အရည်အချင်းရှိသူလေး ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc

ဒီနေ့ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာတော့ ပရိသတ်အချစ်တော်မင်းသမီးလေး ဖြူဖြူထွေးက အသက် (၂၁) နှစ်တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မွေးနေ့ရှင်လေးဖြစ်တဲ့ ဖြူဖြူထွေးက မွေးနေ့အလှူမင်္ဂလာပွဲလေးကို သူမရဲ့မွေးရပ်မြေရွာလေးမှာရှိတဲ့နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့မွေးနေ့ပွဲလေးကိုတော့ ဒီဇိုင်နာမျိုးမင်းစိုးကတက်ရောက်ခဲ့ပြီး ဖြူဖြူထွေးနဲ့အတူ ရွာထဲမှာရှိတဲ့အဘိုး၊အဘွားတွေကို အလှူငွေတွေ လိုက်လံလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc

ဒီဇိုင်နာမျိုးမင်းစိုးက "ရိုးသားကြိုးစားပွင့်လင်းတဲ့ညီမလေးဖြူဖြူထွေးမွေးနေ့အလှူသွားရင်း ရွာမှာရှိကြတဲ့အသက်ကြီးဆုံးအဘိုးအဘွားတွေကိုအလှူငွေတွေနဲ့ကန်တော့ခွင့်ရခဲ့တာကျေနပ်ပီတိဖြစ်ရပါတယ်။ ရွာလက်ဆောင်လေးတွေပြန်ပေးလိုက်လို့လည်းပျော်ရွှင်ရပါတယ်။ ညီမလေးလည်းမွေးနေ့မှစလို့မိဘနဲ့ရပ်ရွာကိုယခုထက်ပိုလို့အကျိုးပြုလုပ်ကျွေးနိုင်င်တဲ့သူကြီးဖြစ်ပါစေ။ " ဆိုပြီး ဖြူဖြူထွေးနဲ့အတူ အလှူပြုခဲ့တဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့မှာကုသိုလ်ယူနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Myo Minn Soe's FB Acc 

Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc
Photo Credit-Myo Minn Soe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။