သီဆိုတဲ့ သီချင်းတိုင်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူကတော့ အဆိုတော်မလေး အိမ့်ချစ်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတိုင်းကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူ တစ်ဦးပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ ဆယ်ကျော်သက်အရွယ်လောက်ကတည်းက ဂီတလောကထဲကို ဖခင်ဖြစ်သူဦးချစ်ကောင်းရဲ့ ကော်ဖီခါးခါးရဲ့ အလှည့် Album မှာသီဆိုရာမှတစ်ဆင့် ဝင်ရောက်လာသူတစ်ဦးပဲ ဖြစ်ပါတယ်။ 

Photo Credit - Eint Chit's Facebook Account
Photo Credit - Eint Chit's Facebook Account
Photo Credit - Eint Chit's Facebook Account

သူမဟာ မကြာခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အီဖယ်မျှော်စင်ရှေ့တွင် ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံထားရတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိမ့်ချစ်ရဲ့ အချစ်ရေးလေးကို အားကျနေကြတာလည်း ဖြစ်ပါတယ်။ လက်တလောမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပြီး ပွဲအခမ်းအနားတွေမှာ ဖျော်ဖြေနေရတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲဖြစ်ပါတယ်။

Photo Credit - Eint Chit's Facebook Account
Photo Credit - Eint Chit's Facebook Account
Photo Credit - Eint Chit's Facebook Account

ဒါကတော့ သူငယ်ချင်းဖြစ်သူ ဝိုင်းလေးနဲ့အတူ ကြော်ငြာတစ်ခုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ရိုက်ကွင်းမှာ ဝိုင်းလေးရဲ့ အရပ်ကိုမမှီတာကြောင့် ခုံခုံကာ ရိုက်ကူးထားတဲ့ အခွီဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အိမ့်ချစ်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Eint Chit's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။