ယခုနှစ်ဘောလုံးရာသီမှ စတင်၍ အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းများအား ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုသွားမည် ဖြစ်ပါတယ်။ယင်းသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသင်းများ မှတ်ပုံတင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏကွင်း၊ ပထမထပ်ရှိ မြန်မာနေရှင်နယ်လိဂ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနေရှင်နယ်လိဂ် Security & Operations Director ဦးအောင်သူမြင့်နှင့် တာဝန်ရှိသူများ၊ အပျော်တမ်းလိဂ်အသင်းပြိုင်ပွဲများမှ ပြိုင်ပွဲကျင်းပရေးတာဝန်ခံများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။

Photo Credit - General Aung San Shield Facebook Page
Photo Credit - General Aung San Shield Facebook Page

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ဘောလုံးလောက တိုးတက်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ကြိုးစားကျင်းပလျက်ရှိသော အပျော်တမ်းလိဂ် ပြိုင်ပွဲများအား အသိအမှတ်ပြုသည့် အနေဖြင့်လည်းကောင်း၊ တစ်ချိန်တွင် အပျော်တမ်း အသင်းများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပဏာမ မိတ်ဆက်သည့် အနေဖြင့် လည်းကောင်း၊ ယခုနှစ် General Aung San Shield 2020 ရှုံးထွက်ဘောလုံး ပြိုင်ပွဲတွင် အထူးသတ်မှတ်ခွင့်ပြုသည့် အနေဖြင့် အပျော်တမ်း လိဂ်ပြိုင်ပွဲများမှ စုစုပေါင်း အသင်း (၅)သင်းကို ရှုံးထွက် ပထမအဆင့်မှ စတင်ပြိုင်ပွဲဝင်ခွင့် ပေးသွားမည်ဖြစ်ပါတယ်။

Photo Credit - General Aung San Shield Facebook Page
Photo Credit - General Aung San Shield Facebook Page

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ် -၁ မှ ၁၂ သင်း၊ မြန်မာနေရှင်နယ်လိဂ် -၂ မှ ၈ သင်း၊ အပျော်တမ်းအသင်းပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ၅ သင်း၊ စုစုပေါင်း (၂၅) သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်မှ စတင်ယှဉ်ပြိုင်ခွင့်ပြုမည့် အပျော်တမ်းလိဂ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် ရှုံးထွက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ သတ်မှတ်ထားသည့် အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိရန်လိုအပ်ပြီး ထိုသို့ အချက်အလက်များ ပြည့်စုံမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုသွားမည် ဖြစ်ပါတယ်။၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်အား ဧပြီလ ဒုတိယပတ်တွင် စတင်ကျင်းပသွားရန် လျာထားပါတယ်။

Source & Photo Credit - Myanmar National League Facebook Page , General Aung San Shield Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။