အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိထားတဲ့သူလေးကတော့ မင်းသမီးချောလေး‌မိုးဟေကိုပါ။ သူမဟာ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် မိုးရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ အပြစ်ဆိုဖွယ်ရာမရှိအောင်ကို ချောမောလှပလွန်းတဲ့မိုးဟေကိုကတော့ ပရိတ်သတ်အချစ်တော် မင်းသမီးလေးလို့ဆိုရရင်မှားမယ်မထင်ပါဘူးနော်။


Photo Credit-A Linn Young
Photo Credit-A Linn Young

မိုးဟေကိုဟာ မကြာသေးမီကသူမရဲ့ Facebook my dayလေးမှာ ကြော်ငြာရိုက်ကူးနေတဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ သူမဟာအနီရောင်မြန်မာ၀တ်စုံလေးကို ၀တ်ဆင်ထားပြီး ကြွေရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းနေတာပါနော်။

Photo Credit-Moe Hay Ko's Facebook page
Photo Credit-Moe Hay Ko's Facebook page

မိုးဟေကိုဟာ ယခုလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး photo shootingများလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မိုးဟေကိုလေးကိုချစ်ကြတယ်မလား။ ကျက်သရေရှိစွာနဲ့လှနေတဲ့မိုးဟေကိုရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Moe Hay Ko's Facebook page
Photo Credit-Moe Hay Ko's Facebook page

Source-Moe Hay Ko's Facebook page

Photo Credit-Moe Hay Ko's Facebook page/A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။