မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ကစားသမားဟောင်း သန်းသန်းထွေးဟာ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့်အတူ ၂၀၀၄ နှင့် ၂၀၀၇ အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ရယူခဲ့ပါတယ်။ သူမကတော့ လက်ရွေးစင်ကစာသမားဘဝကနေ အနားယူထားသလို ကလပ်အသင်းကနေလည်း အနားယူသွားခဲ့ပြီဖြစ်ပါတယ်။

photo credit : myanmar football federation 's facebook account
photo credit : myanmar football federation 's facebook account

သူမကတော့ ယခုမှာ နှစ်အတော်ကြာ လက်တွဲလာခဲ့တဲ့ ကိုဟိန်းမင်းစိုးနဲ့ တရားဝင်လက်ထပ်ထိမ်းမြားတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ သန်းသန်းထွေးဟာ ကိုဟိန်းမင်းစိုးနဲ့ ဖေဖော်ဝါရီ(၂၃)ရက်နေ့ တနင်္ဂနွေနေ့မှာ မင်္ဂလာပွဲကို ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။

photo credit : myanmar football federation 's facebook account
photo credit : Than Than Htwe 's facebook account
photo credit : Than Than Htwe 's facebook account

ကိုဟိန်းမင်းစိုးနဲ့ မသန်းသန်းထွေးတို့ရဲ့ မင်္ဂလာပွဲအခမ်းအနားကိုတော့ သုမင်္ဂလာရာမလယ်တီဝိပသာနကျောင်းတိုက် ( ရွှေရတုမင်္ဂလာခန်းမ) ကျိုက္ကဆံဘုရားလမ်း ဆ/က ရပ်ကွက် သင်္ကန်းကျွန်းမြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သက်ဆုံးတိုင်လက်တွဲသွားနိုင်ပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

source: Than Than Htwe 's facebook account

photo credit : Than Than Htwe 's facebook account
photo credit : Than Than Htwe 's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။