ပရိသတ်တွေအားလုံးက အားကျနေရတဲ့ စုံတွဲလေးကတော့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်ရုံသာမကဘဲ ပရိသတ်တွေအားကျရတဲ့ စံပြစုံတွဲလေး အဖြစ်ပါ ရပ်တည်လျက် ရှိနေကြတာပါ။ မကြာခင်မှာလည်း သူတို့နှစ်ယောက်အတူ သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ဖို့ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Pyay Ti Oo’s Facebook Account
Photo Credit- Pyay Ti Oo’s Facebook Account
Photo Credit- Pyay Ti Oo’s Facebook Account

ပြေတီဦးနဲ့ အူဝဲတို့ ဇနီးမောင်နှံဟာ သူတို့ အားလပ်ချိန်တိုင်းကို သားနဲ့သမီးအတွက် ကုန်ဆုံးပေးနေကြတာဟာလည်း ကြည်နူးစရာကောင်းလွန်းလှပါတယ်။ တစ်ယောက်အပေါ် တစ်ယောက်လည်း သစ္စာမဖောက်ဘဲ ခုနှစ်ကျော်ကြာအောင် သူတို့ရဲ့ အိမ်ထောင်ရေးလေးကို တည်မြဲအောင် တည်ဆောက်ထားကြထားတာဟာလည်း လူတိုင်းအားကျစရာပါ။ အခုမှာလည်း ပြေတီဦးရဲ့ Facebook အကောင့်မှာ Live Video လေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Pyay Ti Oo’s Facebook Account
Photo Credit- Pyay Ti Oo’s Facebook Account
Photo Credit- Pyay Ti Oo’s Facebook Account

ဒါကတော့ အူဝဲမရှိတုန်းလေး မိသားစုဝင်တွေနဲ့အတူညစာထွက်စားနေကြတဲ့ပြေတီဦးတို့သားအဖသုံးယောက်ရဲ့ကြည်နူးစရာVideo လေးပဲ ဖြစ်ပါတယ်။ အူဝဲကတော့ မန္တလေးကို ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ကူးရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Pyay Ti Oo’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။