မြေးချောချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ အကယ်ဒမီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ယွန်းဝတီလွင်မိုးတို့ကျောင်းသွားတက်နေတဲ့အချိန်မှာ Liam လေးကိုဂရုစိုက်စောင့်ရှောက်ပေးပြီး နွေးထွေးတဲ့မေတ္တာတရားတွေနဲ့ ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။Liamလေးကလည်း တစ်နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး စကားတွေလည်းတီတီတာတာပြောတတ်လာပြီဖြစ်လို့ ပရိသတ်တွေကလည်းချစ်မဝဖြစ်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:Yun Waddy Lwin Moe's Facebook Page
Photo Credit:MayThu's IG Acc

Liam လေးရဲ့ အသည်းယားစရာဗီဒီယိုဖိုင်လေးတွေနဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေကအမြဲစောင့်ကြည့်နေကြပြီး တစ်နေ့တစ်ခြားပိုပိုချစ်နေရတာဖြစ်ပါတယ်။ယခုချိန်မှာဆိုရင် ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း ပြန်လည်ရောက်ရှိနေပြီဖြစ်တာကြောင့် သားလေးနဲ့အတူ မိသားစုစုံစုံလင်လင်နဲ့ပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကတော့ ပြန်ရောက်နေတဲ့အချိန်လေးမှာ သားသားလေးကိုလည်းဂရုစိုက်ပေးပြီး အနုပညာအလုပ်တွေကိုလည်း တတ်နိုင်သလောက်လေးလုပ်ဆောင်နေတာပါနော်။

Photo Credit:MayThu's IG Acc
Photo Credit:Yun Waddy Lwin Moe's Facebook Page

အခုဆိုရင်လည်း ယွန်းဝတီလွင်မိုးတို့မိသားစုက ငပလီကမ်းခြေကိုရောက်ရှိနေကြပြီး အေးချမ်းစွာအပန်းဖြေနေကြတာဖြစ်ပါတယ်။Liamလေးကလည်း သဲသောင်ပြင်ပေါ်မှာ သဲတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကစားနေတဲ့ ပုံရိပ်လေးတွေကို ဖွားဖွားမေသူက ပရိသတ်ကြီးအတွက်မျှဝေပေးခဲ့ပါတယ်နော်။အခုဆိုရင်လည်း ယွန်းဝတီလွင်မိုးက ပင်လယ်ထဲမှာ ဘုတ်ပြားလေးစီးပြီးပျော်ရွှင်နေတဲ့ အသည်းယားစရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ Instagram မှာ မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Yun Waddy Lwin Moe's IG Acc
Photo Credit:Yun Waddy Lwin Moe's IG Acc
Photo Credit:Yun Waddy Lwin Moe's IG Acc

Source&Photo Credit:Yun Waddy Lwin Moe's Facebook Page&IG Account

Video Credit:Yun Waddy Lwin Moe's IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။