MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲဟာ ပွဲစဉ် (၆) အပြီးမှာတော့ သွင်းဂိုးပေါင်း ၈၆ ဂိုးအထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ သွင်းဂိုးပေါင်း ၈၆ ဂိုးတောင် ရှိနေပြီ ဆိုတော့ MPT Myanmar National League 2020 ရဲ့ ဂိုး ၁၀၀ ပြည့်သွင်းဂိုးကလည်း ခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ် (၇) ပွဲစဉ်တွေထဲမှာ သွင်းယူနိုင်ဖို့ များနေပြီ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ဒါကြောင့် MPT Myanmar National League 2020 ပြိုင်ပွဲရဲ့ ဂိုး ၁၀၀ ပြည့်သွင်းဂိုးကို ဘယ်ကစားသမားက သွင်းယူနိုင်မလဲ ခန့်မှန်းကြည့်ကြ ရမှာလည်းဖြစ်ပါတယ်။ဂိုး ၁၀၀ ပြည့် သွင်းဂိုးကို သွင်းမှာ ဘယ်သူလဲ...ဘယ်အသင်းကလဲ...ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်နော်...။ဒီနှစ်ချက်ကို မှန်အောင် ဖြေဆိုပေးရုံနဲ့ MPT ရဲ့ ၁၀၀၀၀ တန် ငွေဖြည့်ကတ် ၃ ကတ်ကို ရယူနိုင်မှာ ဖြစ်သလို ပို့စ်ရဲ့အောက်မှာ ကွန်မန့်ရေး ပါဝင်ရမှာဖြစ်ပြီး ပထမဆုံး အဖြေမှန်သူ (၃) ဦးကို ငွေဖြည့်ကတ်တွေ အမှတ်တရက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

တစ်ချက် သတိထားရမှာက ဖြေဆိုချိန်က ပွဲစဥ (၇) ရဲ့ အစောဆုံးပွဲတွေ ဖြစ်တဲ့ ISPE- မကွေးအက်ဖ်စီ ပွဲစဉ်၊ ဟံသာဝတီယူနိုက်တက်-စစ်ကိုင်းယူနိုက်တက် ပွဲစဉ်တွေ စတင် မကစားမီ ဖေဖော်ဝါရီ ၂၃ ရက်၊ မွန်းလွဲ ၂:၀၀ နာရီ ထိပဲဖြစ်တာကြောင့် ကဲ... အားလုံးပါဝင် ဖြေကြည့်လိုက်ကြရအောင်လားမြန်မာနေရှင်နယ်လိဂ်က ဝန်ထမ်းတွေ၊ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ ကလပ်အသင်းတွေက ကစားသမားတွေတော့ ဝင်ရောက် ဖြေဆိုခွင့် မရှိပါဘူး ဆိုပြီးရေးသားထားပါသေးတယ်။

Photo Credit - Myanmar National League Facebook Page


Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။