အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ ဝါရင့်သရုပ်ဆောင်ခင်လှိုင်ရဲ့ချစ်သမီးလေးပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေကြိုအဖြစ် လူသိများလာခဲ့တဲ့ သဇင်ထူးမြင့်က ဖေဖေ့ရဲ့အနုပညာအမွေတွေကို ဆက်ခံနေသူလေး ဖြစ်ပါတယ်။ သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ စတင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတစ်ခုမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-A Linn Young
Photo Credit-A Linn Young
Photo Credit-A Linn Young

ကြည်လင်ဝင်းပတဲ့အသားအရေလေးနဲ့ မျက်နှာလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ သဇင်ထူးမြင့်က ယောက်ျားလေးပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးတစ်ယောက်ပါ။ တစ်နေ့ထက်တစ်နေ့ အရွယ်ရောက်လာတာနဲ့အမျှ အလှတွေပိုတိုးလာတဲ့ သဇင်ထူးမြင့်က အခုလည်း အားလုံးငေးရလောက်အောင် လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။ သဇင်ထူးမြင့်က အနီရောင်ဖက်ရှင်လေးကိုဝတ်ဆင်ထားပြီး အဖိုးတန်ရတနာတွေကို ဆင်မြန်းထားတာဖြစ်ပါတယ်။

Photo Credit-A Linn Young
Photo Credit-A Linn Young
Photo Credit-A Linn Young
Photo Credit-A Linn Young

ချစ်စရာကောင်းတဲ့အလှပုံလေးတွေကိုတော့ သဇင်ထူးမြင့်က "Sein Nan Dawရဲ့2020 new collectionsလေးတွေနဲ့ သဲကြော်ငြာလေးရိုက်ကူးထားပါတယ်ဖေဖေ့ကိုပူဆာဖို့ ကြိုက်တာတွေ အများကြီးတွေ့ခဲ့တယ်...လူငယ်ဆန်ပြီး တကယ့်ကိုပြီးပြည့်စုံတဲ့ ဒီဇိုင်းလေးတွေ ...အရမ်းကြိုက်နေပြီ" ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်လှိုင့်သမီးချောလေး သဇင်ထူးမြင့်ရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Thazin Htoo Myint's FB Acc

Photo Credit-A Linn Young

Photo Credit-A Linn Young
Photo Credit-A Linn Young
Photo Credit-A Linn Young
Photo Credit-A Linn Young
Photo Credit-A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။