အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ သားသားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။နန်းမြတ်ရဲ့သားသားလေး Jack Jack က ဖေဖေနဲ့ချွတ်စွပ်တူပြီး ချစ်မွှေးပါတဲ့ကလေးလေးဖြစ်လို့ တွေ့မြင်တဲ့သူတိုင်းကချစ်ကြပါတယ်။နန်းမြတ်ကလည်း သားသားလေးဘေးနားမှာတစ်ချိန်လုံးနေပေးပြီး သေချာဂရုစိုက်ပေးနေတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook Acc
Photo Credit:Nann Myat Phyo Thinn's Facebook Acc

နန်းမြတ်ကတော့ သားသားလေးနဲ့လည်းကြော်ငြာတွေအတူတူရိုက်ကူးထားပြီး အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။Jack Jack လေးကတော့ (၁၀)လအရွယ်ကိုရောက်ရှိလာပြီး တစ်နေ့တစ်ခြားလည်း ပိုပိုချစ်စရာကောင်းလာပါတယ်နော်။နန်းမြတ်ရဲ့ချစ်ခင်ပွန်းကလည်း အားတဲ့အချိန်တိုင်းမှာ သားသားလေးကိုကူထိန်းပေးပြီး အတူတူဆော့ကစားပေးကာ ဇနီးနဲ့သားလေးကိုနွေးထွေးတဲ့မေတ္တာတရားတွေပေးတာဖြစ်ပါတယ်။

Photo Credit:Nann Myat Phyo Thinn's Facebook Acc/RBV
Photo Credit:Nann Myat Phyo Thinn's Facebook Acc/RBV
Photo Credit:Nann Myat Phyo Thinn's Facebook Acc/RBV

Jack Jackလေးကတော့ မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပြီး ဖြည့်စွက်စာတွေလည်းကောင်းကောင်းမွန်မွန်စားပါတယ်နော်။အခုဆိုရင်လည်း Jack Jackလေးက မုန့်ကိုလက်ကကိုင်ပြီး အားရပါးရစားနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မေမေနန်းမြတ်က လူမှုကွန်ယက်စာမျက်နှာမျှဝေလာခဲ့တာဖြစ်ပါတယ်။ပါးစပ်သေးသေးလေးနဲ့ မုန့်ကိုအားရပါးရစားနေတဲ့ Jack Jackလေးရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nann Myat Phyo Thinn's Facebook Acc
Photo Credit:Nann Myat Phyo Thinn's Facebook Acc

Source&Photo Credit:Nann Myat Phyo Thinn's Facebook Acc

Video Credit:Nann Myat Phyo Thinn's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။