ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ်၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) တွင် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်း တို့ ဖေဖော်ဝါရီလ ၂၂ ရက် ၊ ညနေ သုံးနာရီခွဲ ၊ YUSC ဘောလုံးကွင်း မှာအကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ သူတို့နှစ်သင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုကို ကြည့်မယ်ဆိုရင်လည်း ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ချန်ပီယံအသင်းဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ ရမှတ် ၁၂ မှတ် ဖြင့် အဆင့် ၄နေရာမှာ ရပ်တည်နေတာကိုလည်းတွေရပါတယ်။

Photo Credit - Myanmar National League Facebook Page

အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးက ဟံသာဝတီအသင်းကို ဆက်လက်ပြီး ဖိအားပေးနိုင်ဖို့ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ အမှတ်လိုနေသလို လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကလည်း အမှတ်ပေးဇယားရဲ့ထိပ်ဆုံးက အသင်းတွေနဲ့အမှတ်မပြတ်ဖို့ လို့အပ်နေပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ယခုပွဲစဉ်ကို အနိုင်ရှိမယ်ဆိုရင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ရောက်ရှိမှာဖြစ်သလို ရှမ်းယူနိုက်တက်အသင်းကအနိုင်ရရှိမယ်ဆိုရင် အခြားအသင်းတွေနဲ့ ရမှတ် ကွာခြားချက်တွေကြောင့် လက်ရှိ ရပ်တည်နေတဲ့ အဆင့်နေရာမှာဆက်လက်ရှိနေမှာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ရန်ကုန်ယူနိုက်တက်အသင်းကတော့ နောက်ဆုံးပွဲစဉ်တွင် ဆောက်သမ်းမြန်မာအသင်းနဲ့ ပွဲစဉ်မှာ (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိထားတာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းကလည်း ဇွဲကပင်ယူနိုက်တက်အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိထားခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒီနှစ်သင်းပွဲစဉ်က ပြင်းပြင်းထန်ထန် အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်တာကြောင့် ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ပွဲစဉ်ကောင်းတစ်ပွဲလည်းဖြစ်လာမှာသေချာပါတယ်နော်..။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။