အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ မယ်လိုဒီကတော့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်မေတ္တာကိုခံယူနေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း ရိုက်ကူးရေးတွေအတွက်ခရီးတွေလည်းသွားခဲ့ရသလို သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း မကြာခင်မှာကြည့်ရှု့ရတော့မှာဖြစ်ပါတယ်။။ပရိသတ်တွေကတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာတဲ့ မယ်လိုဒီကို ကြိုဆိုပြီးအားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

မယ်လိုဒီကတော့ တစ်ခေတ်တစ်ခါကတည်းကအနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့သူပါ။ယနေ့အချိန်ထိလည်း ကလေးတစ်ယောက်မွေးထားတဲ့ အမေလို့ထင်ရက်စရာမရှိလောက်အောင် လှပနုပျိုနေပြီး အရွယ်တင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မယ်လိုဒီက ငယ်ငယ်တုန်းကထက် ပိုပြီးနုပျိုလှပချင်တယ်ဆိုပြီး အောက်ပါအတိုင်းရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

မယ်လိုဒီကတော့"အရင်လို မလှနိုင်တော့ဘူး အရင်လို နုပျိုခြင်းတွေမရှိတော့ဘူး အရင်လို သူငယ်ချင်းတွေနဲ့ညတိုင်းနီးပါးမသောက်နိုင်တော့ဘူး ဒါပေမယ့်အရင်ထက်လှချင်တယ် အရင်ထက်ပိုနုပျိုချင်တယ် အရင်ထက်ပိုသောက်ချင်တယ် မဖြစ်နိုင်ပေမယ့် ကိုယ့်အတွေးနဲ့ကိုယ် သာယာပါတယ်လေ"ဆိုပြီးရေးသားထားကာ သူမရဲ့ငယ်ဘဝအမှတ်တရပုံလေးနဲ့ လူမှုကွန်ယက်စာမျက်နှာမှာမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

Source&Photo Credit:Melody Myo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။