မင်းသမီးချောလေး ယဉ်လက် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကြောင့် နေရာတစ်ခုကိုအခိုင်အမာရပ်တည်ထားနိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်တဲ့ ယဉ်လက်က အက်ရှင်ဇာတ်ကားတွေကနေ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဖိုက်တာမင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လွတ်လပ်ပေါ့ပါးတဲ့ ကလေးလေးတစ်ယောက်လို အမြဲပြုံးပျော်ရွှင်နေတက်ပြီး မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ် ဝတ်စုံလေးတွေကို ဝတ်ဆင်လေ့ရှိပါတယ်။

Photo Credit - Yin Let ယဉ်လက် Facebook Page
Photo Credit - Yin Let ယဉ်လက် Facebook Page

ယခုတစ်ခါမှာ မင်းသမီးချောလေး ယဉ်လက် ကတော့ မြန်မာဖက်ရှင်ဝတ်စုံလေးကို ဝတ်ဆင်ပြီ ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ယဉ်လက်က ခေါင်းမှာ နှင်းဆီပန်းပွင့်လေးကို ပန်ဆင်ပြီး မြန်မာဝတ်စုံလေးကိုဝတ်ကာ ပရိသတ်တွေ ချစ်သက်ကြွေအောင် ချစ်စရာပုံရိပ်လေးတွေနဲ့ညို့ယူဖမ်းစားလိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ ဒီလို ရိုးရိုးယဉ်ယဉ် မြန်မာဆန်ဆန် ဝတ်စုံလေးနဲ့လည်း လိုက်ဖက်တာကိုတွေ့ရပါတယ်နော်...။

Photo Credit - Yin Let ယဉ်လက် Facebook Page
Photo Credit - Yin Let ယဉ်လက် Facebook Page

ပရိသတ်ကြီးကလည်း မင်းသမီးချောလေး ယဉ်လက်ရဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို အသည်းလေးတွေပေးလိုက်ပါဦးနော်…။ ဒါ့အပြင် ယဉ်လက်ကလည်း အမှတ်တရ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ….ချစ်ပရိသတ်ကြီးရေ ဖိုက်တာ မင်းသမီးချောလေး ယဉ်လက်ရဲ့ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yin Let ယဉ်လက် Facebook Page
Photo Credit - Yin Let ယဉ်လက် Facebook Page

Source & Photo Credit - Yin Let ယဉ်လက် Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။