မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ရုပ်ရည်လေးက ချောမောလှပသလို သရုပ်ဆောင်လည်းတော်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ ပိုးအိအိခန့်က လက်ရှိမှာတော့အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကို ခဏရပ်နားထားတာဖြစ်ပါတယ်။ ပိုးအိအိခန့်က နာမည်ကျော်ဘောလုံးသမား အောင်သူနဲ့ ထိမ်းမြားလက်ထပ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားလေးကတော့ ကျန်းမာသန်စွမ်းပြီး ၀၀ကစ်ကစ်လေးနဲ့ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ ကလေးလေး ဖြစ်ပါတယ်။ ကိုကိုးလေးရဲ့မျက်နှာလေးကလည်း အမြဲတမ်းပြုံးရွှင်နေသလို ပါးဖောင်းဖောင်းလေးတွေကလည်း မြင်ရသူအဖို့ အသည်းယားစေနိုင်တာ ဖြစ်ပါတယ်။ အခုလည်း ကိုကိုးလေးရဲ့ ချစ်စရာအမူအရာလေးတွေကို မေမေပိုးအိအိခန့်က ဗီဒီယိုလေးရိုက်ပြီး မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc

ဒီဗီဒီယိုလေးမှာတော့ ကိုကိုးလေးက မေမေချစ်မဝဖြစ်စေလောက်အောင် အသည်းယားစရာအမူအရာလေးတွေ လုပ်ပြထားတာပဲ ဖြစ်ပါတယ်။ ဖောင်းဖောင်းကစ်ကစ်လေးနဲ့ ချစ်စရာကိုကိုးလေးရဲ့ဗီဒီယိုလေးကတော့ ပရိသတ်တွေကို ကြည့်နေရင်းနဲ့ အချစ်ပိုစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးအိအိခန့်ရဲ့သား ကိုကိုးလေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Poe Ei Ei Khant's FB Story 

Photo Credit-Poe Ei Ei Khant's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။