ပရိသတ်ကြီးရေ.. ပွင့်လင်းနေထိုင်မှုဟန်ပန် ဟန်ဆောင်မှုမရှိတဲ့ စကားပြောဆိုမှုလေးတွေကြောင့် ပရိသတ်တွေတော်တော်များများ သဘောကျချစ်ခင်ကြတဲ့ အနုပညာရှင်ဆယ်လီ မင်းသမီးချောလေးကတော့ နေခြည်ဦးပဲ ဖြစ်ပါတယ်..။

နာမည်ကျော် Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေရင်ထဲ စတင်ရောက်ရှိလာခဲ့တဲ့ ချီချီလေးကတော့ ချစ်စရာကောင်းပြီး ဟန်ဆောင်မှုတွေကင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account

လူချစ်လူခင်များကာလူကြိုက်များသလို ပရိသတ်တွေ စနောက်က Troll ကြတာကိုလည်း အများဆုံးခံရတဲ့ ချီချီလေးကတော့ စိတ်မဆိုးတတ်ဘဲ အမြဲပြန်လည် စနောက်တတ်တာလေးတွေကလည်း သူမကို အချစ်ပိုစေပြီး တော့ပ်ယူနန်သီချင်းနဲ့ Troll ကြတဲ့ သူမရဲ့ Tik Tok လေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်..။

ပရိသတ်တွေကြားပေါက်သွားတဲ့ တော့ပ်ယူနန်သီချင်းနဲ့ စနောက်ခံရတဲ့ ဗီဒီယိုလေးနဲ့ ပတ်သက်ပြီးတော့လည်း “နေခြည်လုပ်တဲ့သီချင်းထက် တော့ပ်ယူနန်သီချင်းနဲ့ ပရိသတ်တွေကြား ပိုပေါက်သွားတော့လည်း ဟုတ်ကဲ့ပါပေါ့နော် ..” ဆိုပြီး ရယ်ရယ်မောမောလေးနဲ့ သဘောကျစွာ ပြောပြထားတာပါ..။


Photo Credit - Amazing Grace
Photo Credit - Nay Chi Oo's FB Account

ချီချီလေးကတော့ နိုင်ငံခြားသီချင်းတွေနဲ့ အများဆုံး Tik Tok ကစားဖြစ်ပြီး မြန်မာအကတွေဘာတွေ ကပြီး လိုက်လုပ်ကြည့်တော့ အရမ်းရုပ်ဆိုးပြီး ဘယ်လိုမှအဆင်မပြေလို့ သူမ Following လုပ်ထားတဲ့ နိုင်ငံခြားသီချင်းတွေနဲ့ပဲ အများဆုံးဆော့ဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချီချီလေးရဲ့ ပရိသတ်တွေအတွက် တော့ပ်ယူနန်သီချင်းလေးနဲ့ Troll ခံရတဲ့ သူမရဲ့ Tik Tok ဗီဒီယိုလေးနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ ချီချီလေးရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း တင်ကေ်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nay Chi Oo's FB Account
Photo Credit - Nay Chi Oo's FB Account

Photo Credit - Nay Chi Oo's FB Account & Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။