MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၃း၃၀ အချိန် မန္တလာသီရီ ကွင်းတွင် I.S.P.E အသင်း နှင့် မကွေး အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်း I.S.P.E အသင်းက မကွေးအသင်းကို (၂-၁) ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

နှစ်သင်းစလုံးမှ အကြိတ်အနယ် ကစားခဲ့ကြရာ မကွေးအသင်းတွက် ဦးဆောင်ဂိုးကိုပွဲချိန် ၆ မိနစ် တွင် သိန်းဇော်က သွင်းယူပေးခဲ့ပါတယ်။ ယင်းနောက် I.S.P.E အသင်း အတွက် ချေပဂိုးနှင့်အနိုင်ဂိုးများကို ၆၆ မိနစ် တွင် ခင်ကျော်ဝင်း၊ ၇၃ မိနစ်တွင် ကြည်စိုး တို့ကသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်မိနစ် ပြီးဆုံးချိန်မှာတော့ I.S.P.E အသင်း က မကွေးအသင်းကို (၂-၁) ဂိုးဖြစ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ပွဲချိန်တစ်လျှောက် နှစ်သင်းလုံးက အနိုင်ဂိုးတွေရရှိအောင် အပြန်အလှန်တိုက်စစ်ဆင်ကစားကာ ဂိုးကန်သွင်းမှုအခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဂိုးပေါက် လွဲချော်မှုတွေ ဖြစ်ခဲ့ရပါတယ် ။ မကွေးအသက်း ရဲ့ မှားယွင်းမှုတွေကို အခွင့်ကောင်းယူကာ I.S.P.E အသင်းက အနိုင် ၃မှတ် ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ. မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မကွေးအသင်း နှင့် I.S.P.E အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲပြီးရလဒ်တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။