မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ MRTV 4မှာပြသနေတဲ့ "ကျွန်တော်အမုန်းဆုံး ကျွန်တော်" ရုပ်သံဇာတ်လမ်းတွဲမှာ အေးဖြူဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်နေပြီး

သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေသူလေးပဲဖြစ်ပါတယ်။ သူမကတော့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမဲ့လဲ ပရိသတ်ရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo credit.Nan Sandar Hla Tun's fb account

အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ နန်းစန္ဒာလှထွန်းကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။

ပုရိသတွေရဲ့ အသည်းတွေကို ညို့ယူဖမ်းစားနိုင်တဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေသလို ကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာပဲ

ဖြစ်ပါတယ်။

Photo credit.Nan Sandar Hla Tun's fb account
Photo credit.Nan Sandar Hla Tun's fb account

သူမက ကျက်သရေရှိလှပပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးဝတ်ရင်လည်း

ချစ်စရာကောင်းသလို ခေတ်ဆန်ဆန်ဝတ်ဆင်ရင်လည်း လိုက်ဖက်နေတာပဲဖြစ်ပါတယ်နော်။ သူမကတော့ "ဆရာမလေးအေးဖြူနား ဘယ်သူစာလာသင်မလဲ သတိအိမ်စာပေးလို့ မပြီးရင်တော့ တုတ်ပါကောက်ခဲ့" ဆိုပြီး ချစ်စရာကောင်းတဲ့ ကျောင်းစိမ်းဝတ်စုံလေးနဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှတဆင့် တင်ပေးလါတာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် နန်းစန္ဒာလှထွန်းရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Photo credit.Nan Sandar Hla Tun's fb account

Source & Photo credit.Nan Sandar Hla Tun's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။