မင်းသမီးချောလေး မအေးသောင်းကတော့ အရင်ကတည်းက အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ လျှောက်လှမ်းအောင်မြင်လာခဲ့သူဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းက သရုပ်ဆောင်ပိုင်းမှာလည်း အင်မတန်ထူးချွန်သူလေးတစ်ယောက်ပါ။ သူမအနေနဲ့ အနုပညာအလုပ်တွေကို အခုချိန်အထိ ဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေတာကာ ကြော်ငြာများနဲ့ ဖွင့်ပွဲတိုင်းမှာလည်း မပါမဖြစ်သူတစ်ယောက်အနေနဲ့ တက်ရောက်လာရတာကို မြင်တွေ့မိမှာပါ ။

Photo credit. Aye Thaung's FB

ပရိသတ်တွေကို မရိုးနိုင်တဲ့လှပမှုတွေနဲ့ အချိန်တိုင်းဆွဲဆောင်နိုင်သူလေး အေးသောင်းက တော့ ဒီနေ့မှာ

အဖြူရောင်ဝတ်စုံလေးကိုဝတ်ကာ မြန်မာဆန်တဲ့အလှတွေနဲ့ ထိုင်နေတဲ့ပုံရိပ်လေးတွေကို မျှဝေလါတာပဲဖြစ်ပါတယ်။ "မင်းမရှိတဲ့နေ့တွေမှာ

စာအုပ်ဖတ်မယ်

ကော်ဖီသောက်မယ်

အပင်စိုက်မယ်

မင်းကိုလွမ်းတိုင်းပန်းတစ်ပွင့်ပွင့်စေ

ဥယျာဉ်လေးက အလွမ်းကြောင့် စိုပြေပါစေ"ဆိုတဲ့ စာသားလေးကို ရေးသားထားပါသေးတယ်။

Photo credit. Aye Thaung's FB

ကဗျာတွေစာတွေ ကို ကြိုက်နှစ်သက်သူပီပီ သူမက ဒီလိုလှပတဲ့စကားလုံး လေးတွေ ကိုလည်း မကြာခဏဆိုသလို ရေးသားကာ ပရိသတ်ကိုလည်းအချစ်တွေပိုတိုးစေပါတယ် ။ အချစ်စကားလေးတွေလည်း ရင်ခုန်အောင်ခြွှေတက်သလို ပုံလှလှကလေးတွေကို ကြွေလောက်အောင် ရိုက်ကူးတက်သူမို့ ဒီနေ့ရဲ့ပုံရိပ်ကလေးတွေကိုလည်း သူမပရိသတ် အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Photo credit. Aye Thaung's FB
Photo credit. Aye Thaung's FB

Source & Photo credit. Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။