မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ယူဂန္ဓာနိုင်ငံတွင် ကျင်းပနေတဲ့ Uganda International 2020 ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိန္ဒိယကစားသမား အာကာရှီနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ သူမကတော့အိန္ဒိယကစားသမား အာကာရှီကို (၂၁-၁၄၊ ၁၆-၂၁၊ ၂၁-၁၈) မှတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ Uganda International 2020 ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ချန်ပီယံဆုကို နှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမကတော့ "Uganda International Series 2020 ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါပြီရှင့်ချန်ပီယံဆုကို ကာကွယ်ပြီး နှစ်နှစ်ဆက် ပထမဆုရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်နေပါတယ်ရှင့် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

သူမကတော့ " အားပေးနေကြတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Olympic ဝင်ခွင့်ရရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးစားသွားပါမယ်။27. 2 2020 ကနေ 01. 03. 2020 အထိ ကျင်းပမဲ့ Kenya International Future Series 2020 အတွက် မနက်ဖြန် Kenya နိုင်ငံကို သွားပါမယ်ရှင့် "ဆိုပြီးရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

source: THET HTAR Thuzar 's facebook page  

photo credit : THET HTAR Thuzar 's facebook page
photo credit : THET HTAR Thuzar 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။