ပရိသတ်ကြီးရေ MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရင်ထဲနေရာယူထားသူလေးကတော့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်ပေါ်လွင်စွာ သရုပ်ဆောင်တက်တာကြောင့် အချိန်တိုလေးအတွင်းမှာ နာမည်ရရှိလာသူလည်းဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ကောင်းရုံသာမကပဲ အဆိုပိုင်းမှာလည်း ပိုင်နိုင်စွာသီဆိုတက်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ 

Photo Credit; Poe Kyar Phyu Khin's FB account

ဇာတ်လမ်းတွဲများစွာကို ကာရိုက်တာမျိုးစုံနဲ့ ပါဝင်ရိုက်ကူးခဲ့တဲ့ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ လူသိများလာတာပဲဖြစ်ပါတယ်။ သူမက အခုလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲအသစ်တွေ၊ ကြော်ငြာတွေနဲ့ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာ ပိုးကြာဖြူခင်က ချောင်းသားကမ်းခြေကို ရောက်ရှိနေပြီး စက်ဘီးလေးကိုစီးကာ ဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေထားတာပဲဖြစ်ပါတယ်။

Photo Credit; Poe Kyar Phyu Khin's FB account

ဒါ့အပြင် "သူ့ခါးလေးကို ဖက်ပြီး ကမ်းခြေမှာ စက်ဘီး အတူတူ စီးချင်ပြီ"ဆိုတဲ့ စာသားလေးကိုလည်း ပုရိသယောကျ်ားလေးတွေ ရင်ခုန်အောင် ရေးသားထားတာကြောင့် သူမရဲ့ ပရိသတ်တွေက အချစ်ပိုမိမှာ အမှန်ပါပဲနော်။ ချစ်စရာကောင်းပြီး ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ပရိသတ်အချစ်တော်မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည် မျှဝေပေးလိုက်ပါရစေနော်...။

Photo Credit; Poe Kyar Phyu Khin's FB account
Photo Credit; Poe Kyar Phyu Khin's FB account

Source & Photo Credit; Poe Kyar Phyu Khin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။