နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်နေတဲ့ မင်းသားချောလေး အလင်းရောင်ကတော့ အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်အချစ်တွေကို အရယူနေတဲ့ သူပဲဖြစ်ပါတယ်။ သူရဲ့ ယောကျာ်းပီသတဲ့ ရင်ခုန်ချင်စရာ Body နဲ့ ပျိုပျိုမေတို့ကို ရူးအောင်ဖမ်းစားထားနိုင်သူတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားရိုက်ကူးနေပြီး အောင်မြင်တဲ့မင်းသား တစ်လက် အဖြစ် နဲ့ ပရိသတ်တွေက အသိအမှတ်ပြု အားပေးမှုကိုလည်း ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Photo Credit - Panda Portrait
Photo Credit - Panda Portrait

ကျရာဇာတ်ရုပ်မှာ ပီပြင်ပိုင်နိုင်စွာနဲ့ သရုပ်ဆောင်ခဲ့ပြီး တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်လို့နေပါပြီ။ အခုလက်ရှိမှာတော့ အလင်းရောင်ဟာ မန္တလေးမြို့ကို ပွဲကိစ္စနဲ့ရောက်ရှိနေတာဖြစ်ပြီး "ကျွန်တော် မန်းလေးသားလေး တယောက်ပါ....."ဆိုတဲ့ စာသားလေးနဲ့အတူ ခန့်ညားပြီး ယောကျ်ားပီသတဲ့ သူရဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေလာတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း တည်ကြည်ခန့်ညားပြီး ကြွေလောက်စရာ အမိုက်စားပုံရိပ်လေးတွေကိုလည်း ပျိုမဒီလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ထပ်မံခြွေယူလိုက်ပြန်ပါတယ်နော်..။

Photo Credit - Panda Portrait
Photo Credit - Panda Portrait
Photo Credit - Panda Portrait

နိုင်ငံခြားမင်းသားချောလေး တစ်ယောက်လို ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ကြည့်ရင်း သူရဲ့ ပရိသတ်တွေက ချစ်အားပိုနေကြတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်စိတ် လှုပ်ရှားအောင် အကြည့်စူးစူးတွေနဲ့ခြွေတတ်တဲ့ အလင်းရောင်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။ ပရိသတ်ကြီးလည်း မင်းသားချောလေး အလင်းရောင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင် အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo Credit - Panda Portrait
Photo Credit - Panda Portrait
Photo Credit - Panda Portrait

Photo Credit - Panda Portrait

Source ; ALINNYAUNG 's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။