ပရိသတတ်ကြီးရယ် ဒီတစ်ခါမှာတော့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရေခဲ ဆူနာမီများ ဖြစ်ပေါ်ပုံအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

Photo credit pngtree

ရေခဲ ဆူနာမီ ဖြစ်ပြီဆိုရင် မီးရထား မောင်သံတွေလိုမျိုး ဆူညံစွာ ကြားရလေ့ရှိပြီး ရေခဲတွေ အုပ်မိသွားတဲ့ လူ၊ တိရိစ္ဆာန်တွေ အားလုံးဟာ ထွက်ပေါက်မရှိဘဲ အကုန်လုံး သေဆုံးသွားနိုင်တာကြောင့် တော်တော်လေး ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်လို့ဆိုရမှာပါ။ ရေခဲဆူနာမီ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ ပတ်ဝန်းကျင် အအေးအမှတ်၊ လေတိုက်နှုန်း၊ ရေပြင် လှုပ်ခပ်မှုပေါ်မှာ များစွာ မူတည်နေတာ ဖြစ်ပါတယ်။

Photo credit pngtree

အလွန်အေးသော ဒေသတွေမှာ ရေပြင်တွေရဲ့ ရေခဲအလွှာများဟာ ၁ပေမှ ၂ပေလောက် အထူရှိတဲ့ ရေခဲများဖြစ်ပြီး ဆူနာမီ ဖြစ်တဲ့အခါမှာ အားလုံးကို ဖုံးအုပ်သွားတာ ဖြစ်ပါတယ်။ ရေပြင်ဟာ အကြောင်းအမျိုးမျိုးကြောင့် လှုပ်ခတ်တဲ့ အရှိန်နဲ့ ဘောင်ဘင်ခတ်မှုကြောင့် ရေခဲတွေရော၊ ရေတွေပါ ကုန်းပေါ်ရောက်လာတာ ဖြစ်ပါတယ်။ အဲ့လို အခြေအနေမျိုး တွင် အေးခဲနေတဲ့ ရာသီဥတုကြောင့် ရေခဲတွေ အရည်ပျော်မကျသလို ကုန်းပေါ် တက်လာသော ရေတွေပါ အေးခဲကုန်ပြီး ရေခဲဆူနာမီ ဖြစ်ကုန်ကြတာပါ။ ရှားပါးသော ရေခဲဆူနာမီ ဖြစ်နိုင်တဲ့ နောက်ထပ် အခြေအနေများကို သိပ္ပံပညာရှင်တို့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Source Once A Glance Page

photo credit pngtree

Photo credit pngtree
Photo credit pngtree
Photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။